
ရန်ကုန် ဇန်နဝါရီ ၈
ပြည်သူများ လာရောက်အပန်းဖြေ နိုင်ရန်နှင့် ရေဆေးပန်းချီကား များ ကြည့်ရှုနိုင်ရန် ရန်ကုန်မြို့ ကျောက်တံတားမြို့နယ် အမှတ် ၂၀၉ ပထမထပ် ၃၇ လမ်း အထက် ဘလောက်ရှိ ယနေ့ နံနက်က Hope Arts Space တွင် ဖွင့်လှစ် သည်။
“ဒီဖန်တီးမှုကို ကိုအောင်မျိုး မြင့်က စလုပ်တာ ဖြစ်ပါတယ်။ Hope Arts Space ဆိုမှ ပန်းချီပြပွဲ လုပ်မယ်။ စတူဒီယိုလည်း လုပ် မယ်။ သီချင်းလည်း နားထောင်ကြ မယ်။ ဓာတ်ပုံလည်း ရိုက်လို့ရမယ်။ ဒီမှာ အင်တာနက်လိုင်း လာသုံး ရင်းလည်း အနားယူလို့ရမယ်။ ကော်ဖီလည်း သောက်လို့ရမယ်။ အဲဒီလိုပုံစံလေး လုပ်ထားတဲ့ အတွက် အနုပညာနဲ့ ပတ်သက်ပြီး တော့ ရင်ပြင်လေးတစ်ခု သဘော နဲ့ နေရာလေး ဖန်တီးချင်တဲ့ အခင်းအကျင်းလေး လုပ်တဲ့အချိန် မှာ ပန်းချီဆရာ ဌေး၀ဏ္ဏရှိန်က တစ်ကိုယ်တော် ပြချင်တယ်လို့ Hope Arts Space အဖွင့်အနေနဲ့ သူနဲ့လည်း တွဲဖြစ်လိုက်တာပါ” ဟု ပြပွဲတာ၀န်ခံ ကိုသော်ကိုကို ကျော်က ပြောသည်။
“အခုလို ကိုဗစ်အလွန်ကာလ မှာ တစ်ကိုယ်တော် ပန်းချီပြပွဲ ပြသနိုင်ဖို့အတော် ကြိုးစားရေးဆွဲ ခဲ့ရပါတယ်။ ဒီပြပွဲမှာ ရေဆေး ပန်းချီကား ၂၇ ကားကို ငါးရက် ကြာ ချိတ်ဆွဲပြသမှာ ဖြစ်ပါတယ်။ ကိုဗစ်အလွန်ကာလ ဖြစ်တဲ့ အတွက် ပန်းချီဝါသနာရှင်တွေ ဟာ သိပ်အဆင်ပြေကြတာ မဟုတ်ပါဘူး။ ဒါ့ကြောင့် အမြတ် အစွန်းကို အဓိက မထားဘဲ အများစုဝယ်ယူ အားပေးနိုင်မယ့် သင့်တင့်တဲ့ စျေးနှုန်းနဲ့ ရောင်းချ ပေးသွားမှာ ဖြစ်ပါတယ်” ဟု ပန်းချီဆရာ ဌေးဝဏ္ဏရှိန် က ပြောသည်။
အဆိုပါ ပန်းချီပြပွဲကိုဇန်နဝါရီ ၈ ရက်မှ ၁၂ ရက်အထိ နေ့စဉ် နံနက် ၉ နာရီမှ ညနေ ၄ နာရီအထိ ပြသသွားမည်ဖြစ်ကြောင်း သိရ သည်။
အာကာလင်း