ကျောက်တံခါးမြို့နယ်၌ လေပြင်းများတိုက်ခတ်၍ လူနေအိမ် ၂၄ လုံးပျက်စီး

 

ကျောက်တံခါး    ဧပြီ   ၂၈


ပဲခူးတိုင်းဒေသကြီး  ကျောက်တံခါးမြို့နယ်အတွင်း   ယမန်နေ့က    လေပြင်းများ    တိုက်ခတ်မှုကြောင့် အနန်းဘော်ကျေးရွာအုပ်စုနှင့်     လက်ခံကျေးရွာ အုပ်စုတို့တွင်   လူနေအိမ် ၂၄ လုံးနှင့်   စပါးဂိုဒေါင် တစ်လုံး  တစ်စိတ်တစ်ပိုင်း ထိခိုက်ပျက်စီးမှုဖြစ်ပွား ခဲ့ကြောင်း သိရသည်။

 


ထိုသို့     လေပြင်းများ    တိုက်ခတ်မှုကြောင့် ကျောက်တံခါးမြို့နယ်  အနန်းဘော်ကျေးရွာအုပ်စု အတွင်း၌ ရွာသာယာကျေးရွာတွင် လူနေအိမ် သုံးလုံး၊ အုန်းနှဲပင်ကျေးရွာတွင် လူနေအိမ် တစ်လုံး၊ လက်ပံ ကုန်းကျေးရွာတွင် လူနေအိမ်တစ်လုံးနှင့် စပါးဂိုဒေါင် တစ်လုံး၊ ညောင်ဝိုင်းကျေးရွာတွင် လူနေအိမ်သုံးလုံး နှင့် လက်ခံကျေးရွာအုပ်စုအတွင်း၌ ဒိုးတန်းကျေးရွာ တွင် လူနေအိမ်ခြောက်လုံး၊ ကျောက်စရစ်ကျေးရွာတွင် လူနေအိမ် ၁၀ လုံး တို့မှာ ထရံကာများပြုတ်ထွက်ခြင်း၊  သက်ငယ်နှင့် သွပ်မိုးများ အမိုးလန်ထွက်ခြင်း  စသည့် တစ်စိတ်တစ်ပိုင်း ပျက်စီးမှုများဖြစ်ပွားခဲ့ပြီး အဆိုပါ လေပြင်းတိုက်ခတ်မှုကြောင့် လူနှင့်တိရစ္ဆာန်များ ထိခိုက်မှုများ     တစ်စုံတစ်ရာမျှမရှိကြောင်း     သိရ သည်။


မြို့နယ် (ပြန်/ဆက်)