
နေပြည်တော် ဖေဖော်ဝါရီ ၂၁
ပဲခူးတိုင်းဒေသကြီး ကျောက်တံခါးမြို့နယ် ခင်ကြီးကျေးရွာအနီး ရန်ကုန်-မန္တလေး ကားလမ်း(လမ်းဟောင်း) မိုင်တိုင်အမှတ် ၁၀၄ မိုင်နှင့် ၁၀၄ မိုင် ၁ ဖာလုံကြားရှိ “ကျီးရိုး” ရိုးချောင်းတံတားအမှတ်(၁/၁၀၅)ကို PDF အမည်ခံအကြမ်းဖက်သမားများက မိုင်းထောင်ဖောက်ခွဲဖျက်ဆီးခဲ့သည်။
ဖြစ်စဉ်မှာ ဖေဖော်ဝါရီ ၂၀ ရက် မွန်းလွဲ ၂ နာရီခွဲ တွင် ပဲခူးတိုင်းဒေသကြီး ကျောက်တံခါးမြို့နယ် ခင်ကြီးကျေးရွာအနီး ရန်ကုန် - မန္တလေးကားလမ်း (လမ်းဟောင်း) မိုင်တိုင် အမှတ် ၁၀၄ မိုင်နှင့် ၁၀၄ မိုင် ၁ ဖာလုံကြားရှိ “ကျီးရိုး” ရိုးချောင်းတံတား အမှတ်(၁/၁၀၅)အား PDF အမည်ခံအကြမ်းဖက် သမားများက မိုင်းထောင်ဖောက်ခွဲ ဖျက်ဆီးသွားခဲ့ ကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးခဲ့ရာ အကြမ်းဖက်သမားများ၏ မိုင်းထောင်ဖောက်ခွဲခဲ့မှုကြောင့် အလျား ၃၅ ပေ၊ အနံ ပေ ၆၀၊ အမြင့် ၁၀ ပေ၊ ယာဉ်သွားကတ္တရာ လမ်းအကျယ် ၄၈ ပေခန့်ရှိ သံကူကွန်ကရစ်တံတား၏ ဝဲ/ယာဘက်ရှိ လက်ရန်း နှစ်ခုမှစ၍ တံတားကြမ်းခင်း ရှိ အနံ ၅ ပေခန့်စီမှာ တံတားအလျားအတိုင်း ကွဲအက် ပြိုကျပျက်စီးခဲ့ပြီး တံတားထိပ်နှစ်ဖက်ရှိ ချဉ်းကပ်လမ်းအစပ်တစ်လျှောက် ၁ လက်မခန့် ကွာဟခဲ့ကြောင်း သိရသည်။
အကြမ်းဖက်သမားများ၏ ဖျက်ဆီးမှုကြောင့် ပျက်စီးသွားသည့် တံတားအား တာဝန်ရှိသူများက ပြန်လည်ပြင်ဆင်နိုင်ရေး ဆောင်ရွက်လျက်ရှိပြီး အကြမ်းဖက်မှုကျူးလွန်သူများအား ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေးနှင့် နယ်မြေဒေသ တည်ငြိမ်အေးချမ်းရေးအတွက် လုံခြုံရေး တပ်ဖွဲ့ဝင် များအနေဖြင့် လိုအပ်သည့် လုံခြုံရေးလုပ်ငန်းများ ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိ သည်။
သတင်းစဉ်