
နေပြည်တော် ဩဂုတ် ၁၇
မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့ သည် ဩဂုတ် ၁၆ ရက် ညနေ ၄ နာရီခွဲတွင် ကျောက်တံခါးမြို့နယ် မြို့ချောင်းကျေးရွာ အုပ်စု မြို့ချောင်းကျေးရွာ စိန်ကန့်လန့်လမ်းရှိ ရာဇာမြင့်ကိုကို၏နေအိမ်သို့ ဝင်ရောက်ရှာဖွေ ရာ စိတ်ကြွရူးသွပ်ဆေးပြား ၉၃၆၀ ကို လည်းကောင်း၊ ထိုနေ့ နံနက် ၁၁ နာရီခွဲတွင် အောင်မြေသာစံမြို့နယ် မဟာဇေယျာဘုံ ရပ်ကွက် ၅၄ လမ်း ၂၅ x ၂၆ လမ်းကြားတွင် ကျော်စိုးလွင်(ခ)ဖိုးလမင်း (ခ)အရှည်ကြီး ကို မသင်္ကာဖွယ်တွေ့ရှိသဖြင့် စစ်ဆေးရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၁၁၄၀၀ ကို လည်း ကောင်း၊ ယင်းနေ့ ည ၈နာရီတွင် အမ်းမြို့ အမှတ်(၃)ဈေး တောင်ရပ်ကွက်ရှိ မော်တော် ယာဉ်ရပ်နားဝင်းတွင် မော်တော်ဆိုင်ကယ် တစ်စီးဖြင့် ပါဆယ်ထုပ်လာရောက်ထုတ်ယူ သူ ဇေယျာထွန်းနှင့် မဇင်မာဝင်း(ခ)မီးငယ် တို့ကို မသင်္ကာဖွယ်တွေ့ရှိသဖြင့် စစ်ဆေး ရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၅၄၅၀ သိမ်းဆည်းရမိခဲ့သဖြင့် ၎င်းတို့အား မူးယစ် ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေအရ အရေးယူ ထားကြောင်း သိရသည်။
သတင်းစဉ်