ကော့ကရိတ်မြို့အတွင်းသို့ အကြမ်းဖက်သမားများက လက်နက်ကြီးများဖြင့် ပစ်ခတ်မှုကြောင့် အပြစ်မဲ့အရပ်သား ပြည်သူ နှစ်ဦး သေဆုံးကာ တစ်ဦးဒဏ်ရာရရှိ

 

နေပြည်တော်   နိုဝင်ဘာ ၂၂


ကရင်ပြည်နယ် ကော့ကရိတ်မြို့ အတွင်းသို့ အကြမ်းဖက်သမားများ က နိုဝင်ဘာ၂၀ ရက် ညပိုင်းတွင် လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့ သဖြင့် အပြစ်မဲ့အရပ်သား ပြည်သူ နှစ်ဦး လက်နက်ကြီးကျည် ထိမှန် သေဆုံးခဲ့ပြီး တစ်ဦးဒဏ်ရာရရှိခဲ့ ကြောင်း သိရှိရသည်။


ဖြစ်စဉ်မှာ အကြမ်းဖက်သမား များက နိုဝင်ဘာ ၂၀ ရက် ည  ၁၀ နာရီခွဲခန့်တွင်   ကော့ကရိတ်မြို့ အတွင်း     လုံခြုံရေးဆောင်ရွက် ပေးနေသည့်  တပ်ဖွဲ့ဝင်များအား ကော့ကရိတ်မြို့၏   အရှေ့ဘက် မီတာ ၁၄၀၀ ခန့်အကွာရှိ ဆင်ကုန်း ကျေးရွာ     သင်္ချိုင်းဘက်မှနေ၍ လက်နက်ကြီးများဖြင့်    ပစ်ခတ် တိုက်ခိုက်ခဲ့ရာ     လက်နက်ကြီး ကျည်များသည် ကော့ကရိတ်မြို့ အမှတ်(၂)ရပ်ကွက် ဘုရင့်နောင် လမ်းရှိ ဦးထွန်းရင်၏ နေအိမ်ပေါ် သို့    ကျရောက်ပေါက်ကွဲခဲ့သဖြင့် အပြစ်မဲ့အရပ်သားပြည်သူ နှစ်ဦး သေဆုံးကာ တစ်ဦးဒဏ်ရာ ရရှိခဲ့ ကြောင်း သိရှိရသည်။


ထိုသို့     အပြစ်မဲ့အရပ်သား ပြည်သူများနေထိုင်ရာ  ကျေးရွာ အတွင်းသို့ လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သည့် အကြမ်း ဖက်သမားများအား    ချေမှုန်းနိုင် ရေးနှင့်   နယ်မြေဒေသတည်ငြိမ် အေးချမ်းရေးအတွက် လုံခြုံရေး တပ်ဖွဲ့ဝင်များက    လိုအပ်သည့် လုံခြုံရေး        လုပ်ငန်းစဉ်များ အား   ဆက်လက်    ဆောင်ရွက် လျက်ရှိကြောင်း     သတင်းရရှိ သည်။ 

သတင်းစဉ်