ကော့ကရိတ်မြို့ ခင်နိမ်းမူဂိတ်(၃)သို့ KKO(ခွဲထွက်)အဖွဲ့နှင့် NUG ၊ CRPH တို့၏ လက်ဝေခံ PDF အမည်ခံအကြမ်းဖက်သမားများက လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် နှောင့်ယှက်ပစ်ခတ်၊ အပြစ်မဲ့ပြည်သူ အမျိုးသား ခြောက်ဦးနှင့် အမျိုးသမီး သုံးဦး ထိခိုက်ဒဏ်ရာရရှိ

 

နေပြည်တော်  ဒီဇင်ဘာ  ၂၃
ကရင်ပြည်နယ် ကော့ကရိတ်မြို့ အမှတ်(၇)ရပ်ကွက်ရှိ   ခင်နိမ်းမူ ဂိတ်(၃)၌   လုံခြုံရေးဆောင်ရွက် လျက်ရှိသည့် လုံခြုံရေးတပ်ဖွဲ့ဝင် များအား  ဒီဇင်ဘာ ၂၂ ရက်တွင် KKO (ခွဲထွက်)  အဖွဲ့နှင့်   NUG ၊ CRPH တို့၏   လက်ဝေခံ PDF အမည်ခံအကြမ်းဖက်သမားများ က လက်နက်ကြီး၊ လက်နက်ငယ် များဖြင့်  လာရောက်နှောင့်ယှက် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ   ဂိတ်အနီး အမှတ် (၇)  ရပ်ကွက်အတွင်းသို့ ဗုံးသီးများ    ကျရောက်ပေါက်ကွဲ ခဲ့သဖြင့်     အပြစ်မဲ့      ဒေသခံ ပြည်သူ    အမျိုးသားခြောက်ဦး နှင့်  အမျိုးသမီး  သုံးဦး  ထိခိုက် ဒဏ်ရာရရှိခဲ့ကြောင်း     သိရှိရ သည်။
ဖြစ်စဉ်မှာ   ကော့ကရိတ်မြို့ ခင်နိမ်းမူဂိတ် (၃) ၌  လုံခြုံရေး ဆောင်ရွက်လျက်ရှိသည့်  တပ်ဖွဲ့ ဝင်များကို  ဒီဇင်ဘာ  ၂၂  ရက် မွန်းလွဲ ၃ နာရီ ၁၅ မိနစ်ခန့်တွင် KKO(ခွဲထွက်)  အဖွဲ့နှင့်   NUG ၊ CRPH   တို့၏ လက်ဝေခံ  PDF အမည်ခံ    အကြမ်းဖက်သမားများ က ဂိတ်၏ အရှေ့မြောက်ဘက် မီတာ ၂၀၀ ခန့်နှင့် မီတာ ၃၀၀ ခန့်အကွာ     နေရာများမှနေ၍ လက်နက်ကြီး၊ လက်နက်ငယ်များ ဖြင့်     လာရောက်နှောင့်ယှက် ပစ်ခတ်တိုက်ခိုက်ခဲ့သဖြင့်  လုံခြုံ ရေးတပ်ဖွဲ့ဝင်များက   ပြန်လည် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ  အကြမ်း ဖက်သမားများသည် မြောက်ဘက် သို့     ဆုတ်ခွာထွက်ပြေးသွားခဲ့ ကြောင်း၊  အဆိုပါ   အကြမ်းဖက် သမားများ      ပစ်ခတ်ခဲ့သည့် လက်နက်ကြီး    ကျည်များသည် ဂိတ်အနီးရှိ အမှတ်(၇)ရပ်ကွက် အတွင်းသို့ ကျရောက်ပေါက်ကွဲခဲ့ သဖြင့် ဒေသခံပြည်သူ အမျိုးသား ခြောက်ဦးနှင့် အမျိုးသမီး သုံးဦး ထိခိုက်ဒဏ်ရာများ ရရှိခဲ့ကြောင်း နှင့် ဒဏ်ရာရရှိသူများအား လုံခြုံ ရေးတပ်ဖွဲ့ဝင်များက ကော့ကရိတ် ခရိုင်     ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်     ဆေးကုသမှုပေးခဲ့ပြီး ၎င်းမှတစ်ဆင့် တောင်ကလေးမြို့ နယ်မြေခံ   တပ်မတော်ဆေးရုံသို့ ဆက်လက်ပို့ဆောင် ဆေးကုသမှု ခံယူလျက်ရှိသည်။
အထက်ပါ      ဖြစ်စဉ်တွင် အကြမ်းဖက်သမားများနှင့် ပါဝင် ပတ်သက်သူများအား  ဖော်ထုတ် ဖမ်းဆီး၍     ဥပဒေနှင့်အညီ ထိရောက်စွာ      အရေးယူနိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက  စုံစမ်း ဖော်ထုတ်    လျက်ရှိကြောင်းနှင့် နယ်မြေ   တည်ငြိမ်အေးချမ်းရေး အတွက်   လိုအပ်သည့်   လုံခြုံရေး လုပ်ငန်းများ   ဆက်လက်ဆောင် ရွက်လျက်ရှိကြောင်း သတင်းရရှိ သည်။          
သတင်းစဉ်