
ကော့ကရိတ် အောက်တိုဘာ ၂၁
မြန်မာသက္ကရာဇ် ၁၃၈၃ ခုနှစ် သီတင်းကျွတ်လပြည့်နေ့တွင် ကော့ကရိတ်မြို့ နန်းကော်တိုးကျေးရွာ ဓမ္မသီရိကျောင်းတိုက်ရှိ စေတီတော်အား ဆီမီး ၁၀၀၀ ထွန်းညှိပူဇော်ဆက်ကပ်ပွဲကို ယမန်နေ့ ညနေ ၆ နာရီက အဆိုပါ စေတီတော် ရင်ပြင်၌ ကျင်းပသည်။
ဆီမီးပူဇော်ပွဲတွင် ကော့ကရိတ်မြို့ ရပ်ကွက် / ကျေးရွာများမှ ပြည်သူများက စေတီတော်ရင်ပြင် ပတ်ပတ်လည်ရှိ ဆီမီးခွက်များ၌ ဆီမီး ၁၀၀၀ကို ထွန်းညှိ ပူဇော်ကြသည်။ ‘‘အရင်နှစ်တွေကဆို သီတင်းကျွတ်လပြည့်နေ့မှာ ဆီမီးထွန်းညှိ ပူဇော်ဆက်ကပ်ပွဲအပြင် ဆွမ်းတော်ကြီးတင်တာပါ လုပ်ပါတယ်။ ဒီနှစ်မှာတော့ ကိုဗစ် - ၁၉ ရောဂါကြောင့် ဆွမ်းတော်ကြီးတင်တာမရှိတော့ဘူး’’ဟု အမှတ် (၂) ရပ်ကွက်နေ ဒေသခံတစ်ဦးက ပြောသည်။
အလားတူ ကော့ကရိတ်မြို့ရှိ ဘုန်းတော်ကြီးကျောင်း စေတီတော်ရင်ပြင် များ၌ သက်ဆိုင်ရာ ဂေါပကအဖွဲ့ဝင်များ၏ စီစဉ်မှုဖြင့် ရပ်ကွက် / ကျေးရွာ များရှိ ပြည်သူများက ဆီမီးလာရောက် ထွန်းညှိပူဇော်လျက်ရှိကြောင်း သိရသည်။
စောအောင်မျိုးလွင် (ပြန် /ဆက်)