ကျောက်ပန်း‌တောင်းနှင့် မိတ္ထီလာမြို့နယ်များရှိ ပြည်သူ့ဆေးရုံများနှင့် ကျန်းမာရေးဌာနများသို့ ကြည့်ရှုစစ်ဆေး

 

နေပြည်တော်   မတ်   ၂၃


ကျန်းမာရေးဝန်ကြီးဌာန     ပြည်ထောင်စုဝန်ကြီး ပါမောက္ခ   ဒေါက်တာသက်ခိုင်ဝင်းသည် တာဝန်ရှိသူ များ လိုက်ပါလျက်  မတ်  ၂၃  ရက် နံနက်က မန္တလေး တိုင်းဒေသကြီးအတွင်းရှိ  ပြည်သူ့ဆေးရုံများနှင့် ကျန်းမာရေးဌာနများသို့ သွားရောက်၍ လုပ်ငန်း ဆောင်ရွက်မှုများကို ကြည့်ရှုစစ်ဆေးသည်။

 


ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည်  ကျောက်ပန်းတောင်း    မြို့နယ်ရှိ  ၁၆   ခုတင်ဆံ့ လက်ပံပြားတိုက်နယ်ဆေးရုံသို့  ရောက်ရှိကာအတွင်း လူနာများ ကုသမှုအခြေအနေ၊ ပြင်ပလူနာများ ကုသ နေမှုအခြေအနေတို့ကို  ကြည့်ရှုပြီး  ကျန်းမာရေး ဝန်ထမ်းများနှင့်  လူနာများအား   ဆေးဝါးဝယ်ယူ ရေးအတွက် နိုင်ငံတော်မှရန်ပုံငွေများ ခွဲဝေချထား ပေးသဖြင့် လူနာများစိုက်ထုတ်ကုန်ကျငွေ လျော့နည်း  စေရေး၊ လိုအပ်သော ဆေးဝါးများကို ထောက်ပံ့ပေး  နိုင်ရေး အလေးထားဆောင်ရွက်ပေးရန်၊ ဆေးဝါးများ သက်တမ်းလွန်ခြင်းနှင့် လေလွင့်မှုမရှိစေရေး စနစ် တကျ    စီမံခန့်ခွဲဆောင်ရွက်ရန်၊    ပုံမှန်ကာကွယ် ဆေးထိုးလုပ်ငန်းများ၊ မကူးစက်တတ်သောရောဂါ များ ကုသရေးလုပ်ငန်းများ၊ ကျောင်းကျန်းမာရေး လုပ်ငန်းများ၊  ကိုယ်ဝန်ဆောင်  ကျန်းမာရေးစောင့် ရှောက်မှုများကိုလည်း  အလေးထားဆောင်ရွက်ရန် မှာကြားခဲ့သည်။

 


ဆက်လက်၍   ပြည်ထောင်စုဝန်ကြီးနှင့်   အဖွဲ့ သည်  ကျောက်ပန်းတောင်းမြို့နယ်ရှိ  မကျီးတိုင်း ကျေးလက်ကျန်းမာရေးဌာနသို့     သွားရောက်ပြီး ကျန်းမာရေးဝန်ထမ်းများအား ၇၀ ရာခိုင်နှုန်းသော ပြည်သူလူထုသည်  ကျေးလက်ဒေသတွင်   နေထိုင် လျက်ရှိသည့်အတွက်ကြောင့်   ကျေးလက်ကျန်းမာ ရေး စောင့်ရှောက်မှုကို အရှိန်အဟုန်မြှင့်တင် ဆောင် ရွက်ရန်၊  ကိုယ်ဝန်ဆောင်  ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများ၊ ပုံမှန်ကာကွယ်ဆေးထိုးလုပ်ငန်းများ ကို   ပြည်သူလူထုအခြေပြု   အရှိန်အဟုန်မပျက် ဆောင်ရွက်ရန်    မှာကြားပြီး   လိုအပ်သည်များကို ဖြည့်ဆည်းပေးခဲ့သည်။

 


ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် ခုတင် (၅၀) ဆံ့ ပြည်သူ့ဆေးရုံ ကျောက်ပန်းတောင်း မြို့သို့  ရောက်ရှိပြီး ကျန်းမာရေးဝန်ထမ်းများနှင့်    တွေ့ဆုံအမှာစကား    ပြောကြားရာ    ကျန်းမာရေး ဝန်ကြီးဌာနအနေဖြင့်  ပြည်သူလူထု၏  မျှော်မှန်း သက်တမ်း  ပိုမိုမြင့်မားလာစေရေးအတွက် ကြိုးပမ်း ဆောင်ရွက်လျက်ရှိကြောင်း၊     ကျန်းမာရေးစောင့် ရှောက်မှုအတွက် ပြည်သူများ စိုက်ထုတ်ကုန်ကျငွေ  လျော့နည်းကျဆင်း စေရေး   ဆေးဝါး၊   စက်ပစ္စည်းများ   ဝယ်ယူကာ  ပြည်သူ့ဆေးရုံများသို့ ထောက်ပံ့ဖြန့်ဖြူး ပေးလျက်ရှိသဖြင့်   ထိရောက်စွာ   အသုံးပြုနိုင်ရေး အတွက်  စနစ်တကျ  စီမံခန့်ခွဲ  ဆောင်ရွက်ကြစေ လိုကြောင်း၊   မွေးစမှ   အသက်ကြီးရင့်သည်အထိ    ကျန်းမာရေးစောင့်ရှောက်မှု (Life Cycle Approach) ဖြင့် မိခင်နှင့် ကလေးကျန်းမာရေး၊ ကျောင်းကျန်းမာ ရေး၊ ကူးစက်ရောဂါနှင့်  မကူးစက်နိုင်သောရောဂါများ ကာကွယ်နှိမ်နင်းရေး၊ သက်ကြီးရွယ်အို  ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများဖြင့်        ပြည်သူလူထု ကျန်းမာရေး စောင့်ရှောက်မှုကို မြှင့်တင်သွားကြရန် ဖြစ်ကြောင်း မှာကြားခဲ့သည်။ ယင်းနောက်ပြည်ထောင်စု ဝန်ကြီးနှင့်   အဖွဲ့သည်   အတွင်းလူနာဆောင်များ၊ ရောဂါရှာဖွေရေး ဓာတ်ခွဲခန်း၊ ပြင်ပလူနာဌာနတို့ကို ကြည့်ရှုစစ်ဆေးခဲ့သည်။

 


ယင်းနောက် ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည်  မိတ္ထီလာမြို့ ပြည်သူ့ဆေးရုံကြီး၌  အတွင်းလူနာများ   တက်ရောက်ကုသမှုခံယူနေမှု အခြေအနေ၊ အရေးပေါ် နှင့်     ပြင်ပလူနာဌာန၊     မွေးကင်းစလူနာဆောင်၊ သားဖွားဆောင်၊ ခွဲစိတ်ခန်း၊ ဓာတ်မှန်ဌာန၊  ဓာတ်ခွဲ ခန်း၊   အတွင်းလူနာနှင့်   ပြင်ပလူနာ  ဆေးထုတ်ခန်း များ သိုလှောင်ထားရှိမှု အခြေအနေတို့ကို လှည့်လည် ကြည့်ရှုစစ်ဆေးသည်။ 

 


မိတ္ထီလာမြို့  ပြည်သူ့ဆေးရုံကြီး၌  ဆေးပညာ၊  ခွဲစိတ်ကုသမှု၊ ကလေးကျန်းမာရေး၊ သားဖွား မီးယပ်၊ အရိုးရောဂါပညာ၊ ကိုယ်အင်္ဂါပြန်လည်သန်စွမ်းရေး၊ အရေပြား၊ ဓာတ်ခွဲ၊ ဓာတ်မှန်ဆိုင်ရာ အထူးကုဆရာ ဝန်ကြီးများဖြင့် ဆေးကုသရေးလုပ်ငန်းများ ဆောင် ရွက်ပေးလျက်ရှိပြီး  နေ့စဉ်အတွင်းလူနာ  ၁၆၀  မှ  ၂၀၀  အတွင်း၊   ပြင်ပလူနာ ၈၀  မှ  ၂၀၀ ကျော် အတွင်း ကြည့်ရှုကုသမှု ဆောင်ရွက်ပေးလျက်ရှိပါ ကြောင်း၊  ပြည်သူ့ဆေးရုံ၊ ကျောက်ပန်းတောင်း မြို့တွင် နေ့စဉ် အတွင်းလူနာ ၂၆ ဦးမှ ၃၅ ဦးအတွင်း၊ ပြင်ပလူနာ ၁၉ ဦးမှ ၂၅ ဦးအတွင်း ကြည့်ရှုကုသပေး လျက်ရှိပါကြောင်း သိရသည်။  


သတင်းစဉ်