ကျောက်ပန်းတောင်းမြို့နယ်တွင် အသက် ၁၂နှစ်နှင့်အထက် ကျောင်းသား ကျောင်းသူများအား ကိုဗစ်-၁၉ ကာကွယ်ဆေး ထိုးနှံပေးလျက်ရှိရာ ၄၀၂၈ ဦး ထိုးနှံပြီးစီး

 

ကျောက်ပန်းတောင်း အောက်တိုဘာ ၂၀


မန္တလေးတိုင်းဒေသကြီး ကျောက်ပန်းတောင်းမြို့နယ်တွင် အသက် ၁၂ နှစ်နှင့်အထက် အလယ်တန်းအဆင့် နှင့် အထက်တန်းအဆင့် ကျောင်းသား ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး (Sinovac) ကို မြို့နယ်အတွင်း ဆေးထိုးစုရပ်  ၁၀  ခု ဖွင့်လှစ်၍ ထိုးနှံပေးလျက်ရှိရာ အောက်တိုဘာ ၁၉ ရက်အထိ စုစုပေါင်း ၄၀၂၈ ဦး ထိုးနှံပြီးစီးပြီဖြစ်ကြောင်း သိရသည်။

 


ကျောက်ပန်းတောင်းမြို့နယ်တွင် ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံရန်အတွက် စာရင်းပေးသွင်းထားသည့် ကျောင်းသား ကျောင်းသူများမှာ အထက်တန်းအဆင့် ကျောင်းသား ၄၆၇ ဦး၊ ကျောင်းသူ ၆၅၃ ဦး ပေါင်း ၁၁၂၀ နှင့် အလယ်တန်းအဆင့် ကျောင်းသား  ၂၀၉၆ ဦး၊ ကျောင်းသူ ၂၁၄၃ ဦး ပေါင်း ၄၂၃၉ ဦးရှိရာ စုစုပေါင်း ကျောင်းသား ကျောင်းသူ ၅၃၅၉ ဦး ထိုးနှံသွားမည်ဖြစ်ကြောင်း သိရသည်။        

နေအောင် (ပြန်/ဆက်)