ကျောက်ပန်းတောင်း ဇွန် ၁၀
မန္တလေးတိုင်းဒေသကြီး ကျောက်ပန်းတောင်းမြို့နယ်တွင် ကိုဗစ် ရောဂါကြောင့် ကျေးလက်နေပြည်သူများ၏ လူမှုစီးပွားဘဝထိခိုက်မှုကို တုံ့ပြန်ဆောင်ရွက်သည့်အနေဖြင့် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနက Cash For Work စီမံကိန်းမိတ်ဆက်ခြင်းနှင့် ကော်မတီ ဖွဲ့စည်းခြင်းကို ဇွန် ၁၀ ရက်က လက်ပံပင်ကျေးရွာအုပ်စု မြေစွန်း ကျေးရွာ၌ ပြုလုပ်သည်။
မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ဦးစီးအရာ ရှိ ဦးတင်ကိုလတ်က စီမံကိန်းအကြောင်းအရာများ၊ လုပ်ငန်းစဉ်များနှင့် ကျေးရွာကော်မတီဝင်ရွေးချယ်ရန် စည်းကမ်းချက်များကို ရှင်းလင်း ပြောကြားပြီး ကိုဗစ်-၁၉ ရောဂါနှင့် အခြားသောဘေးအန္တရာယ်များ၏ အကျိုးဆက်များ ခံစားရသော မြေစွန်းကျေးရွာရှိ ပြည်သူများအတွက် စီမံကိန်းငွေ ကျပ် ၁၀ သန်း ထောက်ပံ့ပေးသည်။ ကျေးရွာ၏ အခြေခံအဆောက်အအုံဖွံ့ဖြိုးရေးလုပ်ငန်းများကို ကျေးရွာသူ/ ကျေးရွာသားများ ကိုယ်တိုင်ဆောင်ရွက်စေပြီး လုပ်အားခငွေပေးချေခြင်းဖြင့် ဝင်ငွေရရှိ စေရန်နှင့် ကျေးရွာအခြေခံအဆောက်အအုံများ ဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်သော စီမံကိန်းဖြစ်ကြောင်း သိရသည်။
ကိုပြည့်(ကျေးလက်)



