ကျောက်ဖြူမြို့ရှိ စစ်မှုထမ်းဟောင်းအဖွဲ့ဝင်များနှင့် မိသားစုဝင်များအား  တွေ့ဆုံ၊ စားသောက်ဖွယ်ရာများ ထောက်ပံ့ပေးအပ်

 

 

နေပြည်တော်  ဇန်နဝါရီ   ၁၀
ရခိုင်ပြည်နယ် ကျောက်ဖြူမြို့ရှိ မြို့နယ်    စစ်မှုထမ်းဟောင်းအဖွဲ့ ဝင်များ၊     အဆင့်မြင့်စစ်မှုထမ်း ဟောင်းအိမ်ရာတွင်  နေထိုင်သည့် စစ်မှုထမ်းဟောင်းများနှင့် မိသားစု ဝင်များအား ယနေ့နံနက်ပိုင်းတွင် အနောက်ပိုင်းတိုင်း  စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ထင်လတ်ဦးနှင့် အဖွဲ့ဝင်များက    ကျောက်ဖြူ တပ်နယ်ခန်းမ၌   တွေ့ဆုံသည်။ 
ဦးစွာ တိုင်းမှူးက အမှာစကား ပြောကြားသည်။     ထို့နောက် စစ်မှုထမ်းဟောင်း  အဖွဲ့ဝင်များ၏ တင်ပြချက်များအပေါ် လိုအပ် သည်များ  ညှိနှိုင်းဆောင်ရွက်ပေး ပြီး       စားသောက်ဖွယ်ရာများ ထောက်ပံ့ပေးအပ်သည်။   ယင်း နောက်    တိုင်းမှူးနှင့်  အဖွဲ့ဝင် များက       အဆင့်မြင့်စစ်မှုထမ်း ဟောင်း အိမ်ရာသို့ သွားရောက် ကြည့်ရှုပြီး   မိသားစုဝင်များအား ရင်းရင်းနှီးနှီး   လိုက်လံနှုတ်ဆက် ကာ  လိုအပ်သည်များ        ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သတင်း ရရှိသည်။ 
သတင်းစဉ်