ကျောက်ဖြူမြို့နယ်၌ အသက် ၅၅ နှစ်အထက်ရှိသူများ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံ

 

ကျောက်ဖြူ  အောက်တိုဘာ  ၂၄


ရခိုင်ပြည်နယ်   ကျောက်ဖြူမြို့နယ်တွင်   အသက် ၅၅ နှစ် အထက်ရှိသူများနှင့်  ဦးစားပေးအုပ်စုတွင်  ပါဝင်သူများအား   ကိုဗစ်-၁၉   ရောဂါ  ကာကွယ်ဆေး တတိယအသုတ် (ဒုတိယအကြိမ်) အဖြစ် ပြန်လည် ထိုးနှံပေးခြင်းကို ယနေ့နံနက် ၉ နာရီက အမှတ်(၃) အခြေခံပညာအထက်တန်းကျောင်းရှိ စန္ဒကူးခန်းမ တွင်    သတ်မှတ်ပေးထားသည့်    ဦးစားပေးအုပ်စု အလိုက် စတင်ထိုးနှံပေးလျက်ရှိသည်။ 

 


ကိုဗစ်-၁၉   ရောဂါ  ကာကွယ်ဆေးများ  ထိုးနှံ ရာတွင် မီးသတ်တပ်ဖွဲ့ဝင်များနှင့် စေတနာ့ဝန်ထမ်း  များက ကာကွယ်ဆေးထိုးနှံရန် လာရောက်ကြသည့်  ပြည်သူများကို      သတ်မှတ်နေရာများသို့     လိုက်ပါ ပို့ဆောင်ပေးခြင်း၊   အထွေထွေအုပ်ချုပ်ရေးဦးစီး ဌာနမှ  ဝန်ထမ်းများက  စာရင်းမှတ်တမ်းရေးသွင်း ကောက်ယူခြင်း၊ ကျန်းမာရေးဌာနမှ ဝန်ထမ်းများက  ကိုယ်အပူချိန်    တိုင်းတာပေးခြင်း၊     သွေးပေါင်ချိန် တိုင်းတာပေးခြင်းတို့ကို   စနစ်တကျ    ဆောင်ရွက် ပေးပြီး  ပုံမှန်အခြေအနေရှိသူများသာ ကာကွယ်ဆေး များကို ထိုးနှံပေးလျက်ရှိသည်။

 


ကျောက်ဖြူမြို့နယ်၌ အဆိုပါကာကွယ်ဆေးကို ပထမအသုတ်အဖြစ်    သြဂုတ်လ  ၁   ရက်နေ့နှင့် ဒုတိယအသုတ်အဖြစ် သြဂုတ်လ ၂၉ ရက်နေ့တို့တွင် စုစုပေါင်း ပြည်သူ ၄၉၈၅ ဦးအား ထိုးနှံပေးထားပြီး ဖြစ်ကာ   တတိယအသုတ်   ဒုတိယအကြိမ်အဖြစ် အသက် ၅၅ နှစ်အထက်ရှိသူများ၊ ရဟန်းသံဃာတော်  များ၊  မသန်စွမ်းသူများ၊ နာတာရှည်နှင့် မကူးစက်နိုင် ရောဂါရှိသူများနှင့် ရွှေ့ပြောင်းလူအုပ်စုများ စသည့်  ပြည်သူများကို  သတ်မှတ်ဦးစားပေး အုပ်စုအလိုက် ဒုတိယအကြိမ်   ပထမနေ့အဖြစ်   စတင်ထိုးနှံပေး လျက်ရှိကြောင်း  မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ သိရသည်။


တင်ထွန်းဦး ( ပြန်/ဆက်)