ကျောက်ဖြူမြို့၌ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် အရင်းမပျောက်မတည်ရန်ပုံငွေ လွှဲပြောင်းပေးအပ်ပွဲ အခမ်းအနားကျင်းပ

 

ကျောက်ဖြူ  မတ်   ၂၄


ရခိုင်ပြည်နယ်   ကျောက်ဖြူမြို့၌ ကျေးလက်နေပြည်သူများ   လူမှု စီးပွားဘဝ   တိုးတက်မြင့်မားလာ စေရန်ရည်ရွယ်၍  ရခိုင်ပြည်နယ် အစိုးရအဖွဲ့၏ နိုင်ငံ့စီးပွားမြှင့်တင် ရေးရန်ပုံငွေဖြင့်    ကျောက်ဖြူ မြို့နယ်  စိုက်ပျိုးရေး၊ မွေးမြူရေး နှင့်  သမဝါယမ  ဦးစီးဌာနတို့က (မြစိမ်းရောင်)     ကျေးရွာများ အကောင်အထည်ဖော်    ဆောင် ရွက်မည့်  ကျေးရွာများသို့  အရင်း မပျောက်      မတည်ရန်ပုံငွေ   လွှဲပြောင်းပေးအပ်ပွဲ အခမ်းအနား ကို ယနေ့  မွန်းတည့် ၁၂ နာရီက မြို့နယ်အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန   အစည်းအဝေးခန်းမ၌ ကျင်းပရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊  ဌာန ဆိုင်ရာများ၊    အကောင်အထည် ဖော်ဆောင်ရွက်ကြမည့် ကျေးရွာ များမှ    ကော်မတီဝင်များ    တက် ရောက်သည်။

 


အခမ်းအနားတွင်     မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့     ဥက္ကဋ္ဌ ဦးမျိုးမင်းထွဏ်းက အမှာစကား ပြောကြားပြီး စိုက်ပျိုးရေး၊  မွေးမြူ ရေးနှင့် သမဝါယမဦးစီးဌာနတို့မှ မြို့နယ်        ဦးစီးအရာရှိများက  စီမံကိန်းလုပ်ငန်းများနှင့် ပတ်သက်  ၍ ရှင်းလင်းပြောကြားသည်။ 

 


ထို့နောက်      စနဲမင်းပြင် ကျေးရွာ၊    ပေါက်ပြင်ကျေးရွာ၊  ဝမျှောင်ကျေးရွာ၊ မူရွင်းကျေးရွာ နှင့် ကျောက်ပြောက်ကျေးရွာများ အတွက်  မတည်ရန်ပုံငွေကျပ်သိန်း  ၂၈၀၀ အားလည်းကောင်း၊ လန့်တဲ ကျေးရွာအတွက်  ငွေကျပ်သိန်း  ၆၀၀ အားလည်းကောင်း၊ ဂုံးချွိန် ကျေးရွာ၊   အုန်းတောကျေးရွာ၊ မင်းပြင်ကျေးရွာ၊ စနဲကျေးရွာနှင့် ပ‌ဒေးကျွန်းကျေးရွာများအတွက် ငွေကျပ်သိန်း  ၁၀၅၄  သိန်းအား လည်းကောင်း   အရင်းမပျောက် မတည်ရန်ပုံငွေများကို   တာဝန် ရှိသူများက လွှဲပြောင်းပေးအပ်ရာ ကျေးရွာ    ကော်မတီဝင်များမှ လက်ခံရယူခဲ့ကြောင်း     သိရ သည်။


တင်ထွန်းဦး (ပြန်/ဆက်)