ကျောက်ဖြူမြို့ ကျောက်တစ်လုံး IDPs စခန်းမှ ပြည်သူများအား ကိုဗစ်-၁၉ ကာကွယ်ဆေး ဆက်လက်ထိုးပေး

 

ကျောက်ဖြူ   ဒီဇင်ဘာ  ၁၈


ရခိုင်ပြည်နယ်  ကျောက်ဖြူမြို့ရှိ ကျောက်တစ်လုံး IDPs စခန်းတွင် ခိုလှုံနေကြသည့် အသက် ၁၈ နှစ်နှင့်အထက် ပြည်သူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ဒုတိယအသုတ်(ပထမအကြိမ်)ကို ကျန်းမာ ရေးဌာနမှ ဝန်ထမ်းများက ဒီဇင်ဘာ ၁၆ ရက်တွင် ဆက်လက် ထိုးနှံ ပေးသည်။

 


အဆိုပါစခန်းသို့  သွားရောက်၍   ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံပေးရာတွင် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှဝန်ထမ်းများက ကာကွယ်ဆေးလာရောက်ထိုးနှံသူများအား စာရင်းမှတ်တမ်းရေးသွင်းပြီး  မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဝန်ထမ်းများက ကာကွယ်ဆေး ထိုးနှံခြင်းမပြုမီ ကိုယ်အပူချိန်တိုင်းတာပေးခြင်း၊  သွေးပေါင်ချိန် တိုင်းတာခြင်းတို့ကို   ဆောင်ရွက်ပေးကာ  ပုံမှန်အခြေအနေရှိသူများကိုသာ ကာကွယ်ဆေးများ ထိုးနှံပေးသည်။ စခန်းမှ   စေတနာ့ဝန်ထမ်းလူငယ် များကလည်း  လိုအပ်သည်များ  ကူညီဆောင်ရွက်ပေးသည်။

 


ကျောက်ဖြူမြို့ ကျောက်တစ်လုံး IDPs  စခန်းတွင် ခိုလှုံနေထိုင် သည့် ပြည်သူ ၁၀၀၈ ဦးရှိရာ ဒီဇင်ဘာ ၁၆ ရက်က ဒုတိယအသုတ် (ပထမအကြိမ်)ကာကွယ်ဆေး     လာရောက်ထိုးနှံသူ   ၁၇၀ ရှိကြောင်း၊     စုစုပေါင်း   ကာကွယ်ဆေးလာရောက်ထိုးနှံပြီးသူအရေအတွက်မှာ ၇၆၀ ကျော်ရှိပြီ ဖြစ်ကြောင်း  ၎င်း IDPs စခန်းမှ ဒုတိယအဖွဲ့ခေါင်းဆောင်  ဦးကိုကို အောင်ထံမှ သိရသည်။

 

တင်ထွန်းဦး၊ ဖြိုးဝေလင်း( ပြန်/ဆက်)