ကျောက်မဲမြို့နယ်နှင့် ပြင်ဦးလွင်မြို့နယ်တို့တွင် ငွေကျပ် ၇၇၄ သိန်း တန်ဖိုးရှိ  ထိန်းချုပ်ဓာတုပစ္စည်း ဆိုဒီယမ်ဆိုင်ယာနိုက် ၁၄ တန်ကျော် ဖမ်းဆီးရမိ


 

နေပြည်တော် ဇန်နဝါရီ  ၃
ကျောက်မဲမြို့နယ်နှင့် ပြင်ဦးလွင်မြို့နယ်တို့တွင်   ငွေကျပ်  ၇၇၄ သိန်းတန်ဖိုးရှိ    ထိန်းချုပ် ဓာတုပစ္စည်းဆိုဒီယမ်ဆိုင်ယာနိုက် ၁၄ တန်ကျော် ဖမ်းဆီးရမိခဲ့ ကြောင်း  မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သိရသည်။
ဖြစ်စဉ်မှာ  မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ  တပ်ဖွဲ့ဝင်များ               ပါဝင်သော ပူးပေါင်းအဖွဲ့သည် ၂၀၂၁ ခုနှစ် ဒီဇင်ဘာ ၃၀ ရက် ညနေ ၆ နာရီ တွင် ရှမ်းပြည်နယ်(မြောက်ပိုင်း)ကျောက်မဲမြို့အဝင် အိုရီယမ်တယ် တိုးဂိတ် အနီးတွင် သိန္နီမှ မန္တလေးသို့ အောင်ဇော်ဦး   မောင်းနှင်ပြီး  သန်းဝင်း   လိုက်ပါ လာသည့် NISSAN ၆ ဘီး မော်တော်ယာဉ်ကို သတင်းအရရှာဖွေရာ   ယာဉ်ပေါ် တွင်   ထိန်းချုပ်ဓာတုပစ္စည်း  ဆိုဒီယမ်ဆိုင်ယာနိုက်  ၆ ဒသမ ၉ တန်    သိမ်းဆည်းရမိခဲ့ကြောင်း၊ စစ်ဆေးဖော်ထုတ်ချက်များအရ ဒီဇင်ဘာ ၃၁ ရက်  နံနက် ၆ နာရီတွင်   မန္တလေးတိုင်းဒေသကြီး   ပြင်ဦးလွင်မြို့နယ်            လားရှိုး-မန္တလေးသွားကားလမ်း  မိုင်တိုင် အမှတ် (၄၇/၄၈)  ကြားတွင် နောင်ချိုမှ   ပြင်ဦးလွင်ဘက်သို့ ရန်ဖြိုးအောင်  (ခ)  မောင်ကြီး မောင်းနှင်ပြီး     ထက်အာကာ (ခ)ကိုထက်  လိုက်ပါလာသည့် NISSAN ၆ ဘီး မော်တော်ယာဉ်ကို ရှာဖွေရာ အလားတူ  ထိန်းချုပ် ဓာတုပစ္စည်းဆိုဒီယမ် ဆိုင်ယာနိုက်  ၇  ဒသမ  ၁၅  တန်  ထပ်မံဖမ်းဆီးရမိခဲ့သဖြင့်    စုစုပေါင်း ဒေသကာလ  တန်ဖိုးငွေကျပ် ၇၇၄ သိန်းတန်ဖိုးရှိ   ထိန်းချုပ်ဓာတုပစ္စည်း  ဆိုဒီယမ်ဆိုင်ယာနိုက်  ၁၄ တန်ကျော် သိမ်းဆည်းရမိခဲ့သဖြင့် ၎င်းတို့  လေးဦးအား  ဥပဒေအရ အရေးယူ ထားရှိပြီး    ကွင်းဆက်ပြစ်မှုကျူးလွန်သူများကို    ဆက်လက်စစ်ဆေး   ဖော်ထုတ်လျက်ရှိကြောင်း သိရသည်။                                   သတင်းစဉ်