
ကျောက်မဲ ဩဂုတ် ၃၀
ရှမ်းပြည်နယ်မြောက်ပိုင်း ကျောက်မဲမြို့နယ် ရက်ကန်းနှင့် အသက်မွေးပညာသင်တန်း ကျောင်း၌ အခြေခံစက်ချုပ် သင်တန်းဆင်းပွဲ ကို ယနေ့နံနက်ပိုင်းက ကျင်းပခဲ့ကြောင်း သိရ သည်။
သင်တန်းဆင်းပွဲတွင် မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင် ဦးသန့်ဇော်ဝင်းက သင်တန်းဆင်း အမှာစကားပြောကြားခဲ့ပြီး မြို့နယ် ရက်ကန်းနှင့် အသက်မွေးပညာ သင်တန်းကျောင်းမှ ကျောင်းအုပ် ဒေါ်ချိုဝင်း လှိုင်က သင်တန်းသူများအား သင်တန်းဆင်းလက်မှတ်များပေးအပ်ချီးမြှင့်ခြင်း၊ သင်တန်းသူ များ ချုပ်လုပ်ခဲ့သည့် ကုန်ချောအထည်များကို သင်တန်းသူများအား ပေးအပ်ခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူ ဖြစ်စေ၍ ကျွမ်းကျင်သောစက်ချုပ်သမား လူငယ်၊ လူရွယ်များ ပေါ်ထွန်းလာစေရန်၊ အလုပ်အကိုင် အခွင့်အလမ်း တိုးတက်လာစေ ရန်နှင့် မိသားစုဝင်ငွေ တိုးတက်လာစေရန်၊ ကျေးလက်ဒေသဖွံ့ဖြိုးရေးနှင့် ဆင်းရဲမှု လျှော့ချရေးအတွက် အထောက်အကူပြုစေရန်၊ မိမိတို့အသိဉာဏ်ဖြင့် ပုံစံအမျိုးမျိုးဖော်ထုတ်၍ အထည်ဒီဇိုင်းမျိုးစုံ ထုတ်လုပ်နိုင်စေရန်၊ အသေးစား စက်မှုလက်မှုလုပ်ငန်းများ ဖွံ့ဖြိုး တိုးတက်လာစေရန် ရည်ရွယ်၍ အဆိုပါ အခြေခံစက်ချုပ်သင်တန်းကို အခမဲ့ တစ်လတာ ဖွင့်လှစ်သင်ကြားပေးခြင်း ဖြစ်ကြောင်း၊ သင်တန်းမှ ကလေးဝတ်၊ လူကြီးဝတ် အမျိုးမျိုး ချုပ်လုပ်နည်းများကို သင်ကြားပို့ချခဲ့ကြောင်း၊ သင်တန်းသို့ မြို့ပေါ်ရပ်ကွက်များနှင့် ကျေးရွာ များမှ အမျိုးသမီး ၂၀ တက်ရောက်သင်ကြားခဲ့ ကြောင်း သိရသည်။
မိုင်းထွန်း (ပြန်/ဆက်)