
နေပြည်တော် ဇန်နဝါရီ ၁၃
ပဲခူးတိုင်းဒေသကြီး ကျောက်ကြီးမြို့နယ် ကျောက်ကြီး - ပဲနွယ်ကုန်းသွား ကားလမ်း ပေါ်ရှိ သံဘောင်ဘေလီတံတား တစ်စင်း အား PDF အမည်ခံအကြမ်းဖက်သမားများ က Drop Bomb တစ်လုံး ပစ်ချတိုက်ခိုက်ခဲ့ ကြောင်း သိရှိရသည်။
ဖြစ်စဉ်မှာ ယနေ့ညနေ ၅ နာရီခန့်တွင် ကျောက်ကြီးမြို့နယ် ကျောက်ကြီး-ပဲနွယ် ကုန်းသွား ကားလမ်း နတ်သံကွင်းကျေးရွာ ၏ အရှေ့မြောက်ဘက် မီတာ ၃၂၀၀ ခန့် အကွာရှိ သံဘောင်ဘေလီတံတား တစ် စင်းအား PDF အမည်ခံအကြမ်းဖက် သမားများက Drop Bomb တစ်လုံး ပစ်ချတိုက်ခိုက်ခဲ့ရာ တံတား၏ အရှေ့ မြောက်ဘက် ပေ ၂၀ ခန့်အကွာတွင် ကျရောက်ပေါက်ကွဲခဲ့သဖြင့် တောင်ယာ မှ ပြန်လာကြသည့် အပြစ်မဲ့ပြည်သူ သုံးဦးသေဆုံးခဲ့ပြီး လေးဦး ထိခိုက် ဒဏ်ရာများ ရရှိခဲ့ကြောင်း သိရှိရ သည်။
အထက်ပါဖြစ်စဉ်မှ ထိခိုက်ဒဏ်ရာ ရရှိသူများအား လုံခြုံရေးတပ်ဖွဲ့ဝင်များက လိုအပ်သော ဆေးဝါးကုသမှုများ ဆောင်ရွက်ပေးကာ နတ်သံကွင်းတိုက်နယ် ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်း၊ ၎င်းကဲ့သို့ အပြစ်မဲ့ပြည်သူများအား သေဆုံးဒဏ်ရာရရှိအောင် Drop Bomb ပစ်ချတိုက်ခိုက်ခဲ့သည့် အကြမ်းဖက်သမား များအား တရားဥပဒေနှင့်အညီ ထိရောက် စွာအရေးယူနိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင် များက ဆက်လက်ဆောင်ရွက်လျက် ရှိကြောင်း သတင်းရရှိသည်။
သတင်းစဉ်