
ကျောက်ကြီး ဒီဇင်ဘာ ၁၈
ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင် ကျောက်ကြီးမြို့ရှိ လမ်းနယ်ကျူးကျော် လူနေအိမ်များနှင့် စျေးဆိုင် များကို တစ်ပတ်အတွင်းရှင်းလင်းဖယ်ရှားရန် လမ်းနယ်ကျူးကျော် ဖယ်ရှားရှင်းလင်းရေးအဖွဲ့က ဒီဇင်ဘာ ၁၇ ရက် နံနက်ပိုင်းက လိုက်လံသတိပေး လျက်ရှိကြောင်း သိရသည်။
ကျောက်ကြီးမြို့နယ်၌ မြို့သန့်ရှင်းသာယာလှပ ရေးနှင့် ဌာနလုပ်ငန်းများ လျင်မြန်စွာ ဆောင်ရွက်နိုင် ရေးအတွက် လမ်းနယ်ကျူးကျော်ဖယ်ရှား ရှင်းလင်း ရေးအဖွဲ့ကို ဖွဲ့စည်းပြီး မြို့နယ်လယ်ယာမြေစီမံ ခန့်ခွဲရေးနှင့်စာရင်းအင်းဦးစီးဌာန၏ မြို့အကွက်ချ မြေပုံပါ လမ်းနယ်အတိုင်း ဖြစ်စေရန်အတွက် လမ်းနယ်ကျူးကျော် လူနေအိမ်နှင့် စျေးဆိုင်များကို တစ်ပတ်အတွင်း ဖယ်ရှားပေးရန် အဖွဲ့စုံဖြင့် လိုက်လံ သတိပေးခြင်းဖြစ်ကြောင်း လမ်းနယ်ကျူးကျော် ဖယ်ရှားရှင်းလင်းရေးအဖွဲ့ တာဝန်ရှိသူများ၏ ပြောကြားချက်အရ သိရသည်။
အဆိုပါ လမ်းနယ်ကျူးကျော်ဖယ်ရှားရှင်းလင်းရေးအဖွဲ့ကို ယခုနှစ် ဇွန် ၁၁ ရက်က စတင်ဖွဲ့စည်းပြီး မြို့နယ်လမ်းဦးစီးဌာနမှ ဦးစီးအရာရှိက အဖွဲ့ ခေါင်းဆောင်ဖြစ်ပြီး မြို့နယ်ရဲတပ်ဖွဲ့မှူးရုံး၊ မြို့နယ် စည်ပင်သာယာရေးအဖွဲ့၊ မြို့နယ်ကျေးလက်လမ်းဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနနှင့် မြို့နယ် လယ်ယာ မြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနတို့မှ တာဝန်ရှိသူများက အဖွဲ့ဝင်များအဖြစ် ပါဝင်သည်။
ကျောက်ကြီးမြို့နယ်တွင် လမ်းနယ်ကျူးကျော် နေထိုင်သူများကြောင့် ပြည်သူများသွားလာရာတွင် အခက်အခဲများရှိနေသဖြင့် ဖယ်ရှားရှင်းလင်းရန် ကွင်းဆင်းဆောင်ရွက်ရခြင်းဖြစ်ကြာင်း မြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူးထံမှ သိရသည်။
မြို့နယ်(ပြန်/ဆက်)