ကျောက်ဆည်၌ အာမခံအလုပ်သမား ၆၆၂ ဦးအား ကိုဗစ်- ၁၉ ကာကွယ်ဆေးထိုးနှံပေး

 

ကျောက်ဆည်   စက်တင်ဘာ   ၂၉


မန္တလေးတိုင်းဒေသကြီး ကျောက်ဆည်မြို့နယ်၌  ကိုဗစ်- ၁၉ ရောဂါ ကူးစက်ပြန့်ပွားမှုမရှိစေရေးအတွက် မြို့နယ်လူမှုဖူလုံရေးရုံး၌ အကျုံး ဝင်မှတ်ပုံတင်ထားသော  ဆင်မင်းဘိလပ်မြေစက်ရုံမှ   အာမခံအလုပ် သမား ၆၆၂ ဦးအား ကိုဗစ်- ၁၉ ရောဂါ ကာကွယ်ဆေးများကို ဒုတိယအကြိမ်ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။


ကာကွယ်ဆေးများ ထိုးနှံပေးရာတွင် မြို့နယ်ကိုဗစ်- ၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ၏ ဦးဆောင် မှုဖြင့်  ကျန်းမာရေးဝန်ထမ်းများ၊ လူမှုရေးအဖွဲ့ဝင်များ ပူးပေါင်း၍ ကိုဗစ်- ၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်ရေး လမ်းညွှန်ချက်များနှင့်အညီ စနစ်တကျ ထိုးနှံပေးနေခြင်းဖြစ်သည်။ ကျောက်ဆည်မြို့ လူမှုဖူလုံရေး ရုံးတွင် အကျုံးဝင်မှတ်ပုံတင်ထားသည့် ပြည်သူပိုင်၊    သမဝါယမနှင့်  ပုဂ္ဂလိက၊   စက်ရုံအလုပ်ရုံများမှ အလုပ်သမား ၁၅၂၂၃ ဦးရှိကြောင်း၊ မြို့နယ်လူမှုဖူလုံရေးရုံးမှ သိရပြီး ၎င်းတို့ကိုလည်း ကာကွယ်ဆေးများ ဆက်လက်ထိုးနှံပေးမည်ဖြစ်ကြောင်း   မြို့နယ်  ကိုဗစ်- ၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီမှ သိရ သည်။


ကျောက်ဆည်မြို့နယ်အတွင်း၌ ပြည်သူများအား ကာကွယ်ဆေးများ ထိုးနှံပေးလျက်ရှိရာ ပထမအကြိမ်တွင် အသက် ၆၅ နှစ်နှင့်အထက်  ၂၄၉၃ ဦး၊ သံဃာ ၇၄၆ ပါး၊ ကျန်းမာရေးဝန်ထမ်း ၁၈၄ ဦး၊ လူမှုရေးအဖွဲ့ ဝင် ၂၃၈ ဦး၊ နိုင်ငံ့ဝန်ထမ်းနှင့် မိသားစုဝင် ၁၇၆၆ ဦး၊ ပုဂ္ဂလိကဘဏ် ဝန်ထမ်း ၂၀၈ ဦး၊  စက်ရုံ၊ အလုပ်ရုံဝန်ထမ်း ၅၅၇၁ ဦး၊ ဟိုတယ်၊ မိုတယ်၊ တည်းခိုခန်းလုပ်ငန်း  လုပ်ကိုင်သူ ၁၈၃ ဦး၊ အကျဉ်းသား ၅၉ ဦး၊ ပို့ဆောင်ရေးလုပ်ကိုင်သူ ၈၄၇ ဦး၊ Super Market နှင့် ဈေးရောင်းသူ ၂၁၃၈ ဦး စုစုပေါင်း ၁၄၄၆၀ ကို ထိုးနှံပေးထားပြီးဖြစ်ကြောင်း သိရသည်။


သက်မောင် (ကျောက်ဆည်)