ကျောက်ဆည်မြို့နယ်နှင့်မြစ်သားမြို့နယ်တွင် နယ်လှည့်ဆေးကုသရေးအဖွဲ့မှ ရေဘေးသင့်ဒေသများသို့ ကွင်းဆင်း၍ ကျန်းမာရေးစောင့်ရှောက်မှုများ ဆောင်ရွက်ပေး

ကျောက်ဆည်မြို့နယ်နှင့်မြစ်သားမြို့နယ်တွင် နယ်လှည့်ဆေးကုသရေးအဖွဲ့မှ ရေဘေးသင့်ဒေသများသို့  ကျန်းမာရေးစောင့်ရှောက်မှုများ ကွင်းဆင်းဆောင်ရွက်

ကျောက်ဆည် စက်တင်ဘာ  ၂၁

          မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်တွင် မိုးသည်းထန်စွာရွာသွန်းခဲ့ပြီး ကျောက်ဆည်မြို့နယ်နှင့် မြစ်သားမြို့နယ်များတွင် မြစ်ရေများဝင်ရောက်ခဲ့ရာ ပြည်သူများကျန်းမာရေးစောင့်ရှောက်မှု အခက်အခဲ မရှိစေရေး ကျောက်ဆည်ခရိုင်စီမံခန့်ခွဲရေးအဖွဲ့ဦးဆောင်မှုဖြင့် နယ်လှည့်ဆေးကုသရေးအဖွဲ့မှ ရေဘေးသင့် ကျေးရွာများသို့ ကွင်းဆင်း၍ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆက်လက်ဆောင်ရွက် ပေးလျက် ရှိကြောင်း သိရသည်။

          ထိုသို့ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများဆောင်ရွက်ရာ၌ သက်ဆိုင်ရာမြို့နယ်စီမံအုပ်ချုပ်ရေး ဥက္ကဌများ၊ ဒေသခံပြည်သူများနှင့်ပူးပေါင်း၍ ကျောက်ဆည်မြို့နယ်တွင် အမျိုးသား (၁၄၅)ဦး၊ အမျိုးသမီး (၃၁၆)ဦး၊ မြစ်သားမြို့နယ်တွင် အမျိုးသား(၆၃၄)ဦး၊ အမျိုးသမီး(၁၁၂၀)ဦး စုစုပေါင်း ပြည်သူ(၂၂၁၅)ဦးအား ကျန်းမာရေးစောင့်ရှောက်မှုများပေးခဲ့ပြီး လိုအပ်သည့်ဒေသများသို့လည်း ကွင်းဆင်း၍ကျန်းမာရေး စောင့်ရှောက်မှုများ ဆက်လက်ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

   ခရိုင်ပြန်/ဆက်