ကျောက်ဆည်ခရိုင် နွေစပါးရိတ်သိမ်းမှုနှင့် ဈေးနှုန်းဈေးကွက်

 

မန္တလေးတိုင်းဒေသကြီး   ကျောက်ဆည်ခရိုင် သည် ဆည်ရေသောက်ဒေသတစ်ခုဖြစ်သော ကြောင့် သီးနှံမျိုးစုံစိုက်ပျိုးလျက်ရှိပြီး နွေစပါး သီးနှံကိုလည်း စိုက်ပျိုးလျက်ရှိရာ ခရိုင်အတွင်း နွေစပါးစိုက်ဧကအနေဖြင့်   ၂၀၂၄ - ၂၀၂၅ ဘဏ္ဍာနှစ်တွင် ၆၅၁၉ ဧက စိုက်ပျိုးထားရှိပြီး ဇူလိုင်လ   ဒုတိယပတ်အထိ    ၄၂၇၉   ဧက ရိတ်သိမ်းပြီးဖြစ်ကြောင်း ခရိုင်ကြေးတိုင်နှင့် မြေစာရင်းဦးစီးဌာန၏ စာရင်းများအရ   သိရ သည်။


စိုက်ပျိုးရာတွင် မျိုးအနေဖြင့် မနောသုခ မျိုးနှင့်  ဧရာပဒေသာမျိုးများကို   အများဆုံး စိုက်ပျိုးကြပြီး  စိုက်ပျိုးထုတ်လုပ်မှု   ကုန်ကျ စရိတ်အနေဖြင့် နွေစပါးတစ်ဧကလျှင်   မျိုး၊ စိုက်ပျိုးစရိတ်၊ သွင်းအားစု၊ ရိတ်သိမ်းစရိတ်၊ လုပ်သားခအပါအဝင်    စုစုပေါင်းငွေကျပ် ၇၈၀၀၀၀ ခန့် ကုန်ကျကြောင်း၊ အထွက်နှုန်း အနေဖြင့် တစ်ဧကလျှင် တင်း ၈၀-၉၀ ထွက်ရှိ ပြီး နွေစပါးစျေးနှုန်းများမှာ မနောသုခတစ်တင်း လျှင် ငွေကျပ် ၂၃၀၀၀ ဖြင့်  လည်းကောင်း၊ ဧရာပဒေသာ တစ်တင်းလျှင် ငွေကျပ် ၂၉၀၀၀ ဖြင့်လည်းကောင်း ဒေသတွင်း၌  ရောင်းဝယ် လျက်ရှိပြီး    နွေစပါးစိုက်ပျိုးတောင်သူများ အနေဖြင့်  ထိုက်သင့်သည့်အကျိုးအမြတ်များ ရရှိကြောင်း သိရှိရသည်။


DOCA(မန္တလေး)