ကော့ဘိန်းကျေးရွာ၊ ဓမ္မသတ်ကျေးရွာနှင့် အနီးပတ်ဝန်းကျင်ကျေးရွာများအတွင်း ဝင်ရောက်နေရာယူ၍ အကြမ်းဖက်လုပ်ရပ်များ လုပ်ဆောင်လျက်ရှိသည့် KNU အဖွဲ့မှ အကြမ်းဖက်မှုကိုလိုလားသူများ၊ NMSP AD (မွန်ခွဲထွက်အဖွဲ့)နှင့် PDF အမည်ခံ အကြမ်းဖက်သမားများအား တိုက်ခိုက်ချေမှုန်း

 

ကော့ဘိန်းကျေးရွာ၊ ဓမ္မသတ်ကျေးရွာနှင့် အနီးပတ်ဝန်းကျင်ကျေးရွာများအတွင်း ဝင်ရောက်နေရာယူ၍ အကြမ်းဖက်လုပ်ရပ်များ လုပ်ဆောင်လျက်ရှိသည့် KNU အဖွဲ့မှ အကြမ်းဖက်မှုကိုလိုလားသူများ၊ NMSP AD (မွန်ခွဲထွက်အဖွဲ့)နှင့် PDF အမည်ခံ
အကြမ်းဖက်သမားများအား တိုက်ခိုက်ချေမှုန်း၊ မိုင်းရှင်းလင်းရေးလုပ်ငန်းများနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆက်လက်ဆောင်ရွက်

 

နေပြည်တော်     ဧပြီ     ၂၆
KNU အဖွဲ့မှ အကြမ်းဖက်မှုကိုလိုလားသူများ၊ NMSP AD (မွန်ခွဲထွက် အဖွဲ့)နှင့်   PDF  အမည်ခံအကြမ်းဖက်သမားများအနေဖြင့်   ကရင် ပြည်နယ်   ကော့ကရိတ်မြို့နယ်   ကော့ဘိန်းကျေးရွာ၊  မွန်ပြည်နယ် ကျိုက်မရောမြို့နယ် ဓမ္မသတ်ကျေးရွာနှင့် အနီးပတ်ဝန်းကျင်ကျေးရွာ များသို့ မတ် ၂၄  ရက်မှစ၍ အင်အားအလွန်အကျွံ အသုံးပြုကာ ဌာန ဆိုင်ရာ အဆောက်အဦများ၊   ရဲစခန်းများအား   ဝင်ရောက်တိုက်ခိုက် ၍  အကြမ်းဖက်အဖျက်အမှောင့်လုပ်ရပ်များကို  ကျူးလွန်လာခဲ့ရာ နယ်မြေခံ လုံခြုံရေးတပ်ဖွဲ့များ၊ ရဲစခန်းများမှ အင်အားစုစည်း၍ ခုခံခဲ့ သော်လည်း မတ် ၂၅ ရက်တွင်  ကော့ဘိန်းကျေးရွာမှလည်းကောင်း၊ မတ်   ၂၇ ရက်တွင်  ဓမ္မသတ်ကျေးရွာမှ  လည်းကောင်း  အသီးသီး ခေတ္တခွာခဲ့ရပြီး တရနာကျေးရွာ၌ ပြန်လည်စုဖွဲ့ခဲ့သည်။
အကြမ်းဖက်အဖွဲ့များ၏    အကြမ်းဖက်လုပ်ရပ်များကြောင့် ကျေးရွာများအတွင်း  နေထိုင်ကြသော ဒေသခံပြည်သူများအနေဖြင့် စိုးရိမ်ထိတ်လန့်စွာဖြင့်   နေရပ်စွန့်ခွာ   ထွက်ပြေးတိမ်းရှောင်ခဲ့ကြရာ တပ်မတော်    စစ်ကြောင်းများက ဒေသခံပြည်သူများ       ပြန်လည် နေထိုင်နိုင်ရန်အတွက် ကော့ဘိန်း ကျေးရွာ၊     ဓမ္မသတ်ကျေးရွာနှင့်  အနီးပတ်ဝန်းကျင်ရှိ  ကျေးရွာများ သို့       အကြမ်းဖက်ချေမှုန်းရေး စစ်ဆင်ရေး(Counter – Terrorism Operation)   ကို   ဧပြီ ၁၁ ရက် မှစတင်၍        စနစ်တကျဖြင့် အဆင့်ဆင့်ခြေကုပ်ယူ၍   ဆောင် ရွက်ခဲ့ရာ အကြမ်းဖက်သမားများ နှင့်       စုစုပေါင်းထိတွေ့တိုက်ပွဲ ခုနစ်ကြိမ်ဖြစ်ပွားခဲ့ပြီး အကြမ်းဖက် သောင်းကျန်းသူများထံမှ အလောင်း အချို့နှင့်   လက်နက်၊  ခဲယမ်းများ နှင့် ဆက်စပ်ပစ္စည်းများ သိမ်းဆည်း ရမိ၍ မိမိဘက်မှ အရာရှိ၊ စစ်သည် အချို့     ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး ဓမ္မသတ်ကျေးရွာအား  ဧပြီ ၂၂  ရက် တွင်လည်းကောင်း၊    ကော့ဘိန်း ကျေးရွာအား    ဧပြီ ၂၅ ရက်တွင် လည်းကောင်း၊     တပ်မတော် စစ်ကြောင်းများက      ပြန်လည် ထိန်းချုပ်ထားနိုင်ခဲ့သည်။  
အကြမ်းဖက်သမားများအနေ ဖြင့် ကော့ဘိန်းကျေးရွာ၊ ဓမ္မသတ် ကျေးရွာနှင့်     အနီးပတ်ဝန်းကျင် အတွင်းသို့ ရောက်ရှိနေစဉ်အတွင်း ဘာသာရေးဆိုင်ရာ အဆောက်အဦ များ၊   စာသင်ကျောင်းများ၊   ဌာန ဆိုင်ရာ အဆောက်အဦများ၊ လူနေ အိမ်များတွင် အကာအကွယ်ရယူ ပြီး    တပ်မတော်စစ်ကြောင်းများ အား        ပစ်ခတ်တိုက်ခိုက်ခြင်း၊ ဘုန်းတော်ကြီးကျောင်းများ၊ လူနေ အိမ်    အဆောက်အဦများအကြား နှင့်       အများပြည်သူ      သွားလာ အသုံးပြုသည့်          ဆက်သွယ်ရေး လမ်းကြောင်းများပေါ်၌ မိုင်းထောင် ခြင်းများ၊   ဒေသခံပြည်သူများကို လူသားတံတိုင်းအဖြစ်      အကာ အကွယ်ရယူ၍  ပစ်ခတ်တိုက်ခိုက် ခြင်းများကို   လုပ်ဆောင်ခဲ့သဖြင့် လုံခြုံရေး       တပ်ဖွဲ့ဝင်များက ထုတ်ပြန်ထားသည့်           ထိတွေ့ တိုက်ခိုက်မှုစည်းမျဉ်း  (Rules of Engagement-ROE)   နှင့်အညီ ဆောင်ရွက်ခဲ့ရသည်။
လုံခြုံရေး   တပ်ဖွဲ့ဝင်များ၏ စနစ်တကျစုဖွဲ့၍ ချီတက်တိုက်ခိုက် ချေမှုန်းခဲ့မှုများကြောင့် အကြမ်းဖက် သမားများသည် ဖရိုဖရဲဆုတ်ခွာ        ထွက်ပြေးသွားခဲ့ရပြီး   ဆုတ်ခွာ ရာ          လမ်းကြောင်းတစ်လျှောက်ရှိ လူနေအိမ်များနှင့်    ဌာနဆိုင်ရာ အဆောက်အဦများ၊      ရဲစခန်း များအား     မီးရှို့ဖျက်ဆီးခြင်း၊ မိုင်းထောင်ဖောက်ခွဲခြင်း     စသည့်   အဖျက်အမှောင့်လုပ်ရပ်များ  လုပ် ဆောင်၍  ဆုတ်ခွာထွက်ပြေးသွား ခဲ့သည်။
KNU အဖွဲ့မှ အကြမ်းဖက်မှုကို လိုလားသူများ၊ NMSP AD (မွန်ခွဲ ထွက်အဖွဲ့)  နှင့်  PDF  အမည်ခံ အကြမ်းဖက်သမားများ၏  အကြမ်း ဖက်လုပ်ရပ်များ    ပြုလုပ်ခဲ့ခြင်း ကြောင့် မြို့တွင်းရှိ အဆောက်အဦ များစွာ          ပျက်စီးဆုံးရှုံးခဲ့ရပြီး ၎င်းတို့ထောင်ထားခဲ့သည့်    မိုင်း များကြောင့်   အများပြည်သူများ ထိခိုက်ဒဏ်ရာ     ရရှိမှုမရှိစေရေး အတွက်  လုံခြုံရေးတပ်ဖွဲ့ဝင် များ က မိုင်းရှင်းလင်းခြင်းလုပ်ငန်းများ ကို      နေရာအလိုက်၊    လမ်းများ အလိုက်     စနစ်တကျဆက်လက် ဆောင်ရွက်လျက်ရှိသည်။ 
မွန်ပြည်နယ်         အစိုးရအဖွဲ့၊ ကရင်ပြည်နယ်အစိုးရအဖွဲ့တို့က လည်း         ကော့ဘိန်းကျေးရွာ၊ ဓမ္မသတ်ကျေးရွာနှင့်         အနီး ပတ်ဝန်းကျင်ကျေးရွာများမှ နေရပ် စွန့်ခွာဒေသခံ         ပြည်သူများ ပြန်လည်ဝင်ရောက်   နေထိုင်နိုင် ရေး    ပြန်လည်ထူထောင်ရေး လုပ်ငန်းများကို    ဒေသခံပြည်သူ များနှင့်အတူ အမြန်ဆုံးဆက်လက် ဆောင်ရွက်ပေးနိုင်ရေး       စီမံ ဆောင်ရွက်လျက်ရှိပြီး    အဆိုပါ ကျေးရွာများ၌ တည်ငြိမ်အေးချမ်း ပြီဖြစ်သည့်အတွက် အေးချမ်းစွာ နေထိုင်လျက်ရှိသော     ဒေသခံ ပြည်သူများအနေဖြင့် မိမိကျေးရွာ များသို့ စတင်ပြန်လည်ဝင်ရောက် နေထိုင်လာကြပြီ       ဖြစ်ကြောင်း  သတင်းရရှိသည်။       
သတင်းစဉ်