
ရန်ကုန် မေ ၃
ယနေ့သည် ဖွား၊ ပွင့်၊ ဟော၊ စံ ဗျာဒိတ်ခံသည့် ကဆုန် လပြည့် (ဗုဒ္ဓနေ့)ဖြစ်ပြီး ဗုဒ္ဓဘာသာဝင်များ၏ နေ့ထူး နေ့မြတ်ဖြစ်သည့်အားလျော်စွာ ရန်ကုန်မြို့ရှိ ရွှေတိဂုံစေတီတော်မြတ်ကြီးနှင့် ဘုရား၊ စေတီ၊ ပုထိုး များ၌ ဥပုသ်သီတင်းဆောက်တည်ကြသူများ၊ ကုသိုလ် ဒါနကောင်းမှုပြုကြသူများ၊ ညောင်ရေသွန်းလောင်း ကြသူများဖြင့် စည်ကားများပြားလျက်ရှိသည်၊၊
ရွှေတိဂုံစေတီတော် ဘဏ္ဍာတော်ထိန်းဂေါပက အဖွဲ့က ကြီးမှူးကျင်းပသည့် အကြိမ် (၄၀) မြောက် ကဆုန်ညောင်ရေသွန်းလောင်း ပူဇော်ပွဲအခမ်းအနား ကို ယနေ့နံနက် ၅ နာရီမှစတင်၍ ရွှေတိဂုံစေတီတော် ရင်ပြင်ရှိ သတ်မှတ်နေရာအသီးသီး၌ ကျင်းပသည်၊၊
ရှေးဦးစွာ ရွှေတိဂုံစေတီတော်မြတ်ကြီးအား အရုဏ်ဆွမ်းတော်ကြီး ဆက်ကပ်လှူဒါန်းပွဲကို စေတီ တော်ရင်ပြင်ရှိ ဧည့်တန်ဆောင်း၌ကျင်းပရာ ရန်ကုန် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်းနှင့်ဇနီး၊ ရန်ကုန် တိုင်းစစ်ဌာချုပ် တိုင်းမှူးဗိုလ်ချုပ် ဇော်ဟိန်းနှင့်ဇနီး တိုင်းဒေသကြီး ဝန်ကြီးများနှင့် ၎င်းတို့၏ဇနီးများ၊ ဂေါပကအဖွဲ့ဝင်များနှင့် ဘာသာရေးဝတ်အသင်းအဖွဲ့ များက ဗုဒ္ဓပူဇာအဖြစ် ဗုဒ္ဓမြတ်စွာဘုရားရှင်အား အရုဏ်ဆွမ်းတော်ကြီးနှင့် ဆွမ်း၊ ပန်း၊ ရေချမ်း၊ သစ်သီး၊ ဆီမီးများ ဆက်ကပ်လှူဒါန်းပူဇော်ကြပြီး စေတီ တော်မြတ်ကြီးအား မြတ်ဘုရားရွှေတိဂုံဂါထာဖြင့် ရှိခိုးပူဇော်ခြင်း၊ နဝင်္ဂသီလ ခံယူဆောက်တည်ခြင်း ဘုရားတရား၊ သံဃာဂုဏ်တော်များ၊ ရွတ်ပွားပူဇော် ခြင်း၊ မေတ္တာဘာဝနာပွားများခြင်း၊ ဆုတောင်းအမျှဝေ သာဓုခေါ်ဆိုခြင်းတို့ ဆောင်ရွက်ကြသည်၊၊
ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်၊ တိုင်းမှူး၊ တိုင်းဒေသကြီးဝန်ကြီးများနှင့် ဂေါပက အဖွဲ့ဝင်များသည် ရွှေတိဂုံစေတီတော် ရှေးဟောင်းဗုဒ္ဓ ရုပ်ပွားတော်များ တန်ဆောင်း၌ ရွှေတိဂုံစေတီတော် ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့ ဩဝါဒါစရိယဆရာ တော်ကြီးများအား အရုဏ်ဆွမ်း ဆက်ကပ်လှူဒါန်း ကြသည်၊၊
ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် ဇနီး၊ တိုင်းမှူးနှင့်ဇနီး၊ တိုင်းဒေသကြီး ဝန်ကြီးများနှင့် ၎င်းတို့၏ဇနီးများ၊ ဂေါပကအဖွဲ့ဝင်များနှင့် ဘာသာရေး ဝတ်အသင်းအဖွဲ့များသည်အကြိမ် (၄၀) မြောက် ကဆုန်ညောင်ရေ သွန်းလောင်းပူဇော်ပွဲကျင်းပရန် စေတီတော်ရင်ပြင်ရှေးဟောင်းဗုဒ္ဓရုပ်ပွားတော်များ တန်ဆောင်းစုရပ်မှ ရွှေတိဂုံစေတီတော်မြတ်ကြီးအား လက်ယာရစ်လှည့်လည်ပူဇော်ကြပြီး အခမ်းအနား ကျင်းပမည့်မဟာဗောဓိညောင်ပင်နေရာ၌ နေရာ ယူကြသည်၊၊
ဆက်လက်၍ ရွှေတိဂုံစေတီတော် ဘဏ္ဍာတော် ထိန်းဂေါပကအဖွဲ့ ဩဝါဒါစရိယ ဆရာတော်ကြီးများ က ပရိဘောဂစေတီ (မဟာဗောဓိညောင်ပင်)အား ဗုဒ္ဓါဘိသေက မင်္ဂလာအနေကဇာ တင်လှူပူဇော်ကြ သည်၊၊
ယင်းနောက် ရွှေတိဂုံစေတီတော် ဘဏ္ဍာတော် ထိန်းဂေါပကအဖွဲ့ အလှည့်ကျသဘာပတိ ဦးထိန်ဝင်း က ဗောဓိရုက္ခဥဒက ပူဇာမင်္ဂလာစာတမ်းလွှာကို ဖတ်ကြားလျှောက်ထားပြီး ရွှေတိဂုံစေတီတော် ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့ ဩဝါဒါစရိယ ဆရာတော်မဟာဝိသုဒ္ဓါရုံ တိုက်သစ်ဦးစီးပဓာန နာယက တိပိဋကဓရ၊ တိပိဋကဘဏ္ဍာဂါရိက အဂ္ဂ မဟာပဏ္ဍိတ ဘဒ္ဒန္တသီရိန္ဒာဘိဝံသထံမှ ဧည့်ပရိသတ် များက နဝင်္ဂသီလ ခံယူဆောက်တည်ကြကာ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်ဇနီး၊ တိုင်းမှူးနှင့်ဇနီး၊ တာဝန်ရှိသူများက ဩဝါဒါစရိယ ဆရာတော်ကြီးများ အား လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်း ကြ၍ ရွှေတိဂုံစေတီတော် ဘဏ္ဍာတော်ထိန်းဂေါပက အဖွဲ့ ဩဝါဒါစရိယဆရာတော် အဂ္ဂမဟာဂန္ထဝါစက ပဏ္ဍိတ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ တိပိဋကဓရ ပါဠိပါရဂူ ဘဒ္ဒန္တနာဂိတထံမှ အနုမောဒနာတရား နာကြားပြီး လှူဒါန်းမှုစုစုတို့အတွက် ရေစက်သွန်းချ အမျှပေးဝေကြသည်။
ထို့နောက် ဩဝါဒါစရိယဆရာတော်ကြီးများ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်ဇနီး၊ တိုင်းမှူးနှင့် ဇနီး၊ တာဝန်ရှိသူများ၊ဂေါပကအဖွဲ့ဝင်များ၊ ဘာသာရေး ဝတ်အသင်းဖွဲ့များနှင့် ဘုရာဖူးလာပြည်သူများက ဗောဓိညောင်ပင်အား ညောင်ရေသွန်းလောင်း ပူဇော် ကြသည်။
ယနေ့တွင် စေတီတော်မြတ်ကြီးသို့ ဘုရားဖူးလာ ပြည်သူများအား အလှူရှင်များက စတုဒိသာများ ကျွေးမွေးလှူဒါန်းကြသည်။
ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် ဇနီးနှင့် တာဝန်ရှိသူများသည် ဆူးလေစေတီတော်နှင့် ဗိုလ်တထောင်ကျိုက်ဒေးအပ် ဆံတော်ဦးစေတီတော် ဂေါပကအဖွဲ့တို့က ကြီးမှူးကျင်းပသည့် ကဆုန် လပြည့် (ဗုဒ္ဓနေ့)ညောင်ရေသွန်းလောင်းပူဇော်ပွဲများ သို့ သွားရောက်ကြပြီး ဗောဓိညောင်ပင်အား ဘုရားဖူး လာပြည်သူများနှင့်အတူ ညောင်ရေသွန်းလောင်း ပူဇော်ကြပြီး စတုဒိသာ ကျွေးမွေးနေမှုများကို လှည့်လည်ကြည့်ရှုအားပေးကြသည်။
ထို့အပြင် သီရိမင်္ဂလာကမ္ဘာအေးစေတီတော်၏ နှစ်စဉ်ကျင်းပမြဲဖြစ်သော ဗုဒ္ဓါဘိသေကအနေကဇာ တင်ခြင်း၊ အန္တရာယ်ကင်း ပရိတ်တရားတော်များ နာခြင်းနှင့် ကဆုန်လပြည့် (ဗုဒ္ဓနေ့) ညောင်ရေ သွန်းလောင်းခြင်းအခမ်းအနားများကို ယနေ့နံနက် ပိုင်းတွင် စေတီတော်အတွင်း၌ ကျင်းပရာ နိုင်ငံတော် သံဃမဟာနာယက ဆရာတော်ကြီးများနှင့် ပင့် သံဃာတော်များက ဂေါတမရုပ်ပွားတော်မြတ်ရှေ့ တွင် ဗုဒ္ဓါဘိသေကအနေကဇာ တင်တော်မူကြသည်။
ထို့နောက် နိုင်ငံတော်သံဃမဟာနာယက ဒုတိယ ဥက္ကဋ္ဌ အဂ္ဂမဟာသဒ္ဓမဇောတိကဓဇ ဘဒ္ဒန္တကေသရာ ဘိဝံသဆရာတော်ထံမှ ဂေါပကအဖွဲ့ဝင်များနှင့် ဧည့် ပရိသတ်များက နဝင်္ဂသီလ ခံယူဆောက်တည်ကြ ပြီး ဆရာတော်သံဃာတော်များ ချီးမြှင့်တော်မူသည့် အန္တရာယ် ကင်းပရိတ်တရားတော်များ နာကြားကာ လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းကြ၍ နိုင်ငံတော်သံဃမဟာနာယက ဒုတိယဥက္ကဋ္ဌ အဂ္ဂ မဟာ သဒ္ဓမ္မဇောတိကဓဇ ဘဒ္ဒန္တကေသရာဘိဝံသ ဆရာတော်ထံမှ အနုမောဒနာ တရားနာကြားပြီးလှူဒါန်း မှုအစုစုတို့အတွက် ရေစက်ချအမျှပေးဝေကြသည်။
ဆက်လက်၍ ဂေါပကအဖွဲ့ဝင်များနှင့် ဘာသာရေး ဝတ်အသင်း ၂၃ သင်းတို့မှ ဗောဓိညောင်ပင်၌ ညောင်ရေသွန်းလောင်းပူဇော်ကြသည်။
အလားတူ လောကချမ်းသာအဘယလာဘမုနိဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး၊ ရှေးဟောင်းသမိုင်းဝင် အပရာဇိတဆံတော်ရှင် ကျိုက်ဝိုင်းစေတီတော်၊ ရွှေဘုန်းပွင့်စေတီတော်၊ ဝရဒါဋ္ဌာ ဓာတုစေတိယ စွယ်တော်မြတ်စေတီတော်(ရန်ကုန်)၊ မဟာဝိဇယ စေတီတော်၊ ငါးထပ်ကြီးဘုရား၊ ခြောက်ထပ်ကြီး ဘုရား၊ ကိုးထပ်ကြီးဘုရားတို့၌လည်း သက်ဆိုင်ရာ စေတီတော် ဂေါပကအဖွဲ့ဝင်များကြီးမှူး၍ ညောင်ရေ သွန်းလောင်းပူဇော်ပွဲများ ကျင်းပကြကြောင်း သိရ သည်။
သတင်းစဉ်