ကဆုန်လပြည့်(ဗုဒ္ဓနေ့)တွင် မန္တလေးမြို့ လေးပြင်လေးရပ်ရှိ သံဃာတော် ၁၀၂၇၂ ပါးအား ဆွမ်း၊ ဆွမ်းဟင်း၊ လှူဖွယ်ပစ္စည်းများနှင့် နဝကမ္မအလှူငွေများ ဆက်ကပ်လောင်းလှူခြင်းအခမ်းအနားအတွက် ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားရှိမှုများအား ကြည့်ရှုစစ်ဆေး

မန္တလေး   မေ   ၂၁
မန္တလေးတိုင်းဒေသကြီး  ဝန်ကြီးချုပ်   ဦးမျိုးအောင် နှင့်အဖွဲ့သည်   ကဆုန်လပြည့်    (ဗုဒ္ဓနေ့) တွင်  မန္တလေးမြို့လေးပြင်လေးရပ်ရှိ   သံဃာတော် ၁၀၂၇၂   ပါးအား ဆွမ်း၊  ဆွမ်းဟင်း၊ လှူဖွယ်ပစ္စည်းများနှင့် နဝကမ္မအလှူငွေများ     ဆက်ကပ်လောင်းလှူခြင်း အခမ်းအနားအတွက်   ကြိုတင်ပြင်ဆင်ဆောင်ရွက် ထားရှိမှုများကို   ယနေ့နံနက်ပိုင်းက  လိုက်လံကြည့်ရှု စစ်ဆေးခဲ့သည်။
ထိုသို့လိုက်လံကြည့်ရှုရာတွင်   တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည်     ကျုံးတောင်ဘက် (တောင်ပြင်) ၂၆ လမ်းအတိုင်း၊ ကျုံးအနောက်ဘက် (နောက်ပြင်) လမ်း ၈၀ အတိုင်း၊  ကျုံးမြောက်ဘက် (မြောက်ပြင်) ၁၂ လမ်းအတိုင်း၊  ကျုံးအရှေ့ဘက် (အရှေ့ပြင်) ၆၆ လမ်းအတိုင်း အခမ်းအနားအတွက် ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားရှိမှုများကို လိုက်လံ ကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများအား လိုအပ်သည် များကို ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့သည်။ 
မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့မှဦးဆောင် ၍ အလှူရှင်များက သာသနာတော်နှစ် ၂၅၆၇ နှစ် ပြည့်ပြီး ၂၅၆၈ နှစ်သို့ ကူးပြောင်းရောက်ရှိမှုအထိမ်း အမှတ်နှင့် နိုင်ငံသူ  နိုင်ငံသားများ  ဘေးအန္တရာယ် ကင်းရှင်းစေရန်   ရည်ရွယ်၍     ကဆုန်လပြည့် (ဗုဒ္ဓနေ့) နေ့ထူးနေ့မြတ်အခါသမယတွင် မန္တလေးမြို့  လေးပြင် လေးရပ်ရှိ   ဆရာတော်၊ သံဃာတော် ၁၀၂၇၂ ပါးတို့အား ဆွမ်း၊ ဆွမ်းဟင်း၊ နဝကမ္မဝတ္ထုငွေ နှင့် လှူဖွယ် ပစ္စည်းများ လောင်းလှူပွဲအခမ်းအနားကို နံနက် ၆ နာရီမှ စတင်၍ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။ 
သတင်းစဉ်