ကဘူးလ်မြို့လေကြောင်းတိုက်ခိုက်မှု မှားယွင်းသည့် တိုက်ခိုက်မှုတစ်ခုဟု အမေရိကန်ဝန်ခံ

 

ဝါရှင်တန်  စက်တင်ဘာ  ၁၈


အာဖဂန်နစ္စတန်တွင် ပြုလုပ်ခဲ့သည့် ဒရုန်းတိုက်ခိုက်မှုမှာ စစ်သွေးကြွများကိုပစ်မှတ်ထားကာ တိုက်ခိုက် ခဲ့ခြင်းဖြစ်သော်လည်း အပြစ်မဲ့သည့်အရပ်သားများအပေါ်  မှားယွင်းကာပစ်မှတ်ထားတိုက်ခိုက်မိသည် ဟု အမေရိကန်တပ်ဖွဲ့က ဝန်ခံခဲ့သည်။
ပြီးခဲ့သည့်လက ပြုလုပ်သည့် တိုက်ခိုက်မှုအတွင်း ကလေးခုနစ်ဦးအပါအဝင်    အရပ်သား   ၁၀   ဦး သေဆုံးခဲ့ရသည်။ ဩဂုတ် ၂၉ ရက်တွင် ဖြစ်ပွားခဲ့ သည့် ကဘူးလ်မြို့ တိုက်ခိုက်မှုကိုစုံစမ်းစစ်ဆေး မှုများ  ပြုလုပ်သွားမည်ဟု    စက်တင်ဘာ ၁၇ ရက် တွင်     သတင်းထောက်များကို    အမေရိကန်ဗဟို ကွပ်ကဲရေးအကြီးအကဲ       ဗိုလ်ချုပ် ဖရန့်မက်  ကန်ဇီက  ပြောသည်။ 
ထိခိုက်ခံစားခဲ့ရသည့်  မိသားစုဝင်များအတွက် လျော်ကြေးပေးရန်  စဉ်းစားလျက်ရှိသည်ဟုလည်း ပြောသည်။      အမှားအယွင်းဖြစ်ခဲ့မှုအတွက် တောင်းပန်ခဲ့ပြီး ဝမ်းနည်းကြေကွဲဖွယ်ကောင်းသည့်  မှားယွင်းမှုတစ်ခုဟု    ၎င်းက  ပြောသည်။
  လေကြောင်းတိုက်ခိုက်မှုမှာ အိုင်အက်စ်များကိုသယ်ဆောင်လာသည်ဟု ယူဆရသောကားကို ပစ်မှတ်ထားကာ   တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု ပင်တဂွန်က ပြောသည်။ သို့သော်လည်း   နောက်ပိုင်း စုံစမ်းမှုများအရ     မှားယွင်းမှုဖြစ်ပေါ်ခဲ့သည်ဟု တွေ့ရှိခဲ့သည်။  ယခုအခါ အဆိုပါကားမောင်းသည့် ယာဉ်မောင်းနှင့်    စစ်သွေးကြွအုပ်စု    မည်သို့မှ ဆက်စပ်မှုမရှိဟု တွေ့ရှိခဲ့ရကြောင်း ကာကွယ်ရေး ဝန်ကြီး  လွိုက်အော်စတင်က  စက်တင်ဘာ ၁၇ ရက်တွင် ပြောသည်။
 အာဖဂန်နစ္စတန်တွင်  နောက်ထပ်ဖြစ်ပေါ်လာ မည့်အကြမ်းဖက်ခြိမ်းခြောက်မှုများကို  နှိမ်နင်းသွား မည်ဟု  အမေရိကန်သမ္မတဂျိုးဘိုင်ဒင် အစိုးရ အဖွဲ့က ကတိပြုပြောကြားခဲ့သည်။ သို့သော်လည်း အာဖဂန်နစ္စတန်မှ  အမေရိကန်တပ်များ ပြန်လည် ဆုတ်ခွာသွားပြီဖြစ်သည့်အတွက်   သတင်းအချက် အလက်စုဆောင်းရာတွင်  ပျက်ကွက်မှုများ  ရှိလာ မည်ဟု ကျွမ်းကျင်သူအချို့ကပြောသည်။ 

အင်န်အိတ်ချ်ကေ