
ကဘူးလ် စက်တင်ဘာ ၆
အာဖဂန်နစ္စတန်နိုင်ငံ ကဘူးလ်မြို့ အပြည်ပြည်ဆိုင်ရာလေဆိပ်၌ ပြည်တွင်းလေကြောင်းလိုင်းအချို့ ပြန်လည်ပြေးဆွဲနေပြီဖြစ်ကြောင်း အင်န်အိတ်ချ်ကေသတင်း၌ ဖော်ပြသည်။
စီးပွားရေးလေကြောင်းလိုင်းများမှာ နိုင်ငံအတွင်း မှ ထွက်ခွာလိုကြသူများကြောင့် လေဆိပ်တွင် အခြေအနေများ ဖရိုဖရဲဖြစ်ပြီးနောက် ဝန်ဆောင်မှု ပေးခြင်းကို ခေတ္တရပ်နားထားသည်။ ဟီရတ်မြို့မှ ပျံသန်းလာသည့် ခရီးသည်တင်လေယာဉ်တစ်စင်း သည် စက်တင်ဘာ ၅ ရက်တွင် တောင်ပိုင်း ကန်ဒဟာ ပြည်နယ်သို့ ပျံသန်းခဲ့ပြီး ကဘူးလ်မြို့လေဆိပ်တွင် ဆင်းသက်ခဲ့သည်။
အမေရိကန်တပ်ဖွဲ့ဝင်များ ဩဂုတ် ၃၀ ရက် တွင် အာဖဂန်မြေပေါ်မှ ဆုတ်ခွာသွားခဲ့ပြီးနောက် လေဆိပ်တွင် ဝန်ဆောင်မှုလုပ်ငန်းများ ပြန်လည် လုပ်ကိုင်နိုင်ရေး ကာတာနိုင်ငံထံမှ အကူအညီရယူ ခဲ့သည်။ အိမ်နီးချင်းနိုင်ငံများမှ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများကို ရယူရန် လေဆိပ်ကို ဖွင့်လှစ်ထားမည်ဖြစ်သည်။ လေဆိပ် ပုံမှန်အတိုင်း ပြန်လည်လည်ပတ်နိုင်ရန်အတွက်မူ အချိန်ယူရဦးမည်ဖြစ်ကြောင်း သုတေသီများက ပြောသည်။ နိုင်ငံခြားစစ်လေယာဉ်များဖြင့် အာဖဂန် နစ္စတန်နိုင်ငံအတွင်းမှ ထွက်ခွာသွားလိုကြသူများ သည် လေဆိပ်ပတ်ဝန်းကျင်တွင် ဆက်လက်များပြား နေဆဲဖြစ်သည်။ ဩဂုတ် ၁၅ ရက်တွင် တာလီဘန်တို့ ၏ ကဘူးလ်မြို့ကို ထိန်းချုပ်နိုင်ရေး ကြိုးပမ်းမှု ကြောင့် အခြေအနေများ ရှုပ်ထွေးလာခဲ့ပြီး စီးပွားရေး အရ ပျံသန်းပြေးဆွဲနေသည့် လေယာဉ်များသည် ခရီးသည်တင်ဆောင်မှုကို ရပ်ဆိုင်းခဲ့သည်။
အင်န်အိတ်ချ်ကေ