
ဝါရှင်တန် သြဂုတ် ၂၈
အာဖဂန်နစ္စတန်နိုင်ငံ ကဘူးလ်နိုင်ငံတကာလေဆိပ် ၌ ဗုံးပေါက်ကွဲမှုတွင် ပါဝင်ပတ်သက်သည်ဟုယူဆရ သည့် အိုင်အက်စ်စစ်သွေးကြွတစ်ဦးအား အမေရိကန် တပ်ဖွဲ့က မောင်းသူမဲ့လေယာဉ်ဖြင့် ပစ်ခတ်ခဲ့ ကြောင်း အမေရိကန်ဗဟိုစစ်ဌာနချုပ်က ယနေ့ ပြောသည်။
အဆိုပါ လေကြောင်းတိုက်ခိုက်မှုသည် အာဖဂန်နစ္စတန်နိုင်ငံအရှေ့ပိုင်းရှိ နန်ဂါဟာပြည် နယ်တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ပစ်မှတ်ထိမှန်ကာ အိုင်အက်စ်စစ်သွေးကြွတစ်ဦး သေဆုံးသွားကြောင်း နှင့် အရပ်သားတစ်ဦးမျှ ထိခိုက်ခြင်းမရှိကြောင်း အမေရိကန်ဗဟိုစစ်ဌာနချုပ်က ဆက်လက်ပြော သည်။
အမေရိကန်တပ်ဖွဲ့၏ လေကြောင်းတိုက်ခိုက်မှု သည် သြဂုတ် ၂၆ ရက်တွင်ဖြစ်ပွားခဲ့သည့် ကဘူးလ် လေဆိပ်ဗုံးပေါက်ကွဲမှုများအပေါ် လက်တုံ့ပြန်ခြင်း ဖြစ်သည်။ အဆိုပါဗုံးပေါက်ကွဲမှုတွင် အရပ်သား အများအပြားနှင့် အမေရိကန်တပ်ဖွဲ့ဝင် ၁၃ ဦး သေဆုံးခဲ့သည်။
ထုတ်ဖော်ပြောကြားခြင်းမရှိ
အမေရိကန်လေကြောင်း တိုက်ခိုက်မှုကြောင့် သေဆုံးသွားသည့် အိုင်အက်စ်စစ်သွေးကြွအဖွဲ့ဝင် သည် ကဘူးလ်လေဆိပ်ဗုံးဖောက်ခွဲမှုတွင် မည်သို့ပါဝင်ပတ်သက်ကြောင်းနှင့်ပတ်သက်ပြီး အမေရိကန် စစ်ဌာနချုပ်က ထုတ်ဖော်ပြောကြားခြင်းမရှိပေ။
ကိုးကား- အင်န်အိတ်ချ်ကေ
ဘာသာပြန်- အောင်ကျော်ကျော်