
ရန်ကုန် ဒီဇင်ဘာ ၁၄
ကာတာနိုင်ငံ၏ အမျိုးသားနေ့ အထိမ်းအမှတ် ဧည့်ခံပွဲအခမ်း အနားကို ယနေ့ မွန်းလွဲ ၂ နာရီ တွင် ရန်ကုန်မြို့ Lotte Hotel ၌ကျင်းပရာ နိုင်ငံခြားရေးဝန်ကြီး ဌာန ဒုတိယဝန်ကြီး ဦးကျော်မျိုး ထွဋ် တက်ရောက်သည်။
ရှေးဦးစွာ ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော်သီချင်း နှင့် ကာတာနိုင်ငံတော်သီချင်းတို့ ဖြင့် အခမ်းအနားကို စတင် ဖွင့်လှစ်သည်။
ထို့နောက် နိုင်ငံခြားရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကျော်မျိုးထွဋ်နှင့် မြန်မာနိုင်ငံ ဆိုင်ရာ ကာတာနိုင်ငံ သံရုံးယာယီ တာဝန်ခံ Mr. Mansoor Mubarak Al-Khayarin တို့က ကာတာနိုင်ငံ အမျိုးသားနေ့ အထိမ်းအမှတ် ကိတ်ကို လှီးဖြတ်ပေးကြသည်။
ယင်းနောက် နိုင်ငံခြားရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး၊ ကာတာနိုင်ငံ သံရုံးယာယီ တာဝန်ခံတို့သည် ဧည့်ခံပွဲအခမ်း အနားသို့ တက်ရောက်လာကြသူ များနှင့်အတူ စုပေါင်းမှတ်တမ်း တင် ဓာတ်ပုံရိုက်ကြသည်။
ထို့နောက် ဧည့်ခံပွဲသို့ တက်ရောက်လာကြသူများအား ကာတာနိုင်ငံ သံရုံးယာယီ တာဝန်ခံက ဂုဏ်ပြုစားပွဲဖြင့်တည်ခင်းဧည့်ခံသည်။
အဆိုပါ အခမ်းအနားသို့ ရန်ကုန်မြို့ နိုင်ငံခြားသံရုံးများမှ သံအမတ်ကြီးများ၊ သံရုံး ယာယီ တာဝန်ခံများနှင့် ဖိတ်ကြား ထားသူများ တက်ရောက်ကြ သည်။
သတင်းစဉ်