ကာရံဆက်မည် ရှေ့သို့ ချီရင်း

 

ကာရံဆက်မည်  ရှေ့သို့ ချီရင်း

*    အလင်္ကာစ၊ ရင်မှာ တ,အောင်
    စီသ ခြယ်မှုန်း၊ ကဗျာထုံးနှင့်
    ရွှင်ပြုံးအေးစေ စမ်းကျရေ။ 
*    အလင်္ကာစီ၊ ရင်မှာတည်အောင်
    ရေးသီခြယ်မှ၊ ကဗျာလှနှင့်
    မွှေးမြလန်းစေ ပန်းလှတွေ။
*    ပန်းနှင့် စမ်းလို၊ သာယာချိုမြ
    ဟန်ပိုကြွလို့၊ စာသစီခြယ်
    ပုလဲသွယ်လျှင်၊ တင့်တယ် လှပ
    သည်ကဗျာ့ဟန် သည်ကာရံ။
*    တစ်ရံထက်တွင်၊ တစ်ဖက်ရန်သူ
    သွေးခွဲမူနှင့်၊ မတူဖောက်ပြား
    သစ္စာခြားမဲ့၊ လှည့်ဖြားခဲ့သော်
    တစ်လှည့်တစ်ဖန်၊ အပြုတ်နှံဖို့
    ဓားလှံကိုကိုင် သစ္စာခိုင်မည်။
*    ပြည်နိုင်ငံရေး၊ အသက်သွေးနှင့်
    စတေးစွန့်စား၊ ကလောင်သွားနှင့်
    ဖြည့်အားမာန်တင်း၊ စစ်ကိုခင်းမယ်
    တေးချင်းကဗျာ ၊ စပ်ဆိုပါရင်း
    ကြောက်ရွံ့ကင်းမဲ့ စစ်ခင်းလှည့်မယ်။
*    ဤသို့ စဉ်ဆက်၊ မိစ္ဆာသက်ကို
    ခြေဖျက်ယူငင် ၊ ဆောင်ပွဲဆင်လျက်
    ကာရံဆက်မည် ရှေ့သို့ ချီရင်း ။   ။

မြရည်နန္ဒာ