
ကာမိုင်း ဒီဇင်ဘာ ၄
ကချင်ပြည်နယ် ဖားကန့်မြို့နယ် ကာမိုင်းမြို့ရှိ သျှမ်းနီစာပေနှင့် ရိုးရာယဉ်ကျေးမှုမှ ဦးဆောင်၍ သျှမ်းနှစ် ၂၁၁၅ ခုနှစ်မှ ၂၁၁၆ ခုနှစ်သို့ ကူးပြောင်းမည့် နတ်တော် လဆန်း ၁ ရက်တွင်ကျရောက် သော သျှမ်းနီရိုးရာနှစ်သစ်ကူးပွဲ နှင့် ကောက်ဦးဆွမ်းကပ်လှူဒါန်းပွဲ အား ဒီဇင်ဘာ ၄ ရက် နံနက် ၉ နာရီတွင် မအူပင်စုရပ်ကွက်ရှိ သျှမ်းနီ ဘုန်းတော်ကြီးကျောင်းနှင့် မြစိမ်းရောင်ရပ်ကွက်တို့၌ ပထမ အကြိမ် ကျင်းပကြောင်း သိရသည်။
ရှေးဦးစွာ မြတ်စွာဘုရားအား အမှူးပြု၍ ဆရာတော် သံဃာ တော်များအား သျှမ်းနီတိုင်းရင်း သားများက လယ်စိုက်ခင်းများမှ ထွက်ရှိသော ကောက်ဦးဆွမ်းနှင့် သီးနှံများကို အရုဏ်ဆွမ်းအဖြစ် စုပေါင်း ဆက်ကပ်ပူဇော်ကာ မန္တလေး မတ္တရာကျောင်းတိုက် ဆရာတော် ဦးကုမာရ ထံမှ တရား နားယူပူဇော်ကြပြီး သံဃာတော် များအား ဆွမ်းဆက်ကပ်လှူဒါန်း ကြသည်။
အခမ်းအနားတွင် သျှမ်းနီ တိုင်းရင်းသားများ၏ ရိုးရာအက အလှများဖြင့် ဖျော်ဖြေကြပြီး နှစ်သစ်ကူးပွဲတော်ကို ရိုးရာယဉ် ကျေးမှုအမွေအနှစ်များ လူငယ် များအား လက်ဆင့်ကမ်းထိန်း သိမ်းကြစေရန် ကျင်းပရခြင်းဖြစ် ကြောင်း သိရသည်။
လဆိုင်း
(ပြန်/ဆက်)