နေပြည်တော် နိုဝင်ဘာ ၃
ကာကွယ်ရေး ဦးစီးချုပ်ရုံး (ကြည်း၊ ရေ၊ လေ) မိသားစုများ၏ ဒွါဒသမ အကြိမ်၊ (၁၂) ကြိမ်မြောက် မဟာဘုံကထိန် အလှူတော် မင်္ဂလာအခမ်းအနားကို ယနေ့ နံနက်ပိုင်းတွင် ကာကွယ်ရေးဦးစီး ချုပ်ရုံး (ကြည်း) အနော်ရထာ ခန်းမ၌ ကျင်းပပြုလုပ်ရာ နိုင်ငံ တော်စီမံ အုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် နှင့် ဇနီး ဒေါ်ကြူ ကြူလှ တို့ တက်ရောက်၍ ကထိန်လျာ သင်္ကန်းနှင့် လှူဖွယ် ပစ္စည်းများ ဆက်ကပ်လှူဒါန်း သည်။
အဆိုပါ အခမ်းအနားသို့ ဥပ္ပါတသန္တိစေတီတော် ဂေါပက အဖွဲ့ ဩဝါဒါစရိယ ဆရာတော် နေပြည်တော် လယ်ဝေးမြို့ ပေါက်မြိုင်ကျောင်းတိုက် ပဓာန နာယက အဘိဓဇမဟာရဋ္ဌဂုရု ဘဒ္ဒန္တဇနိန္ဒ၊ ပျဉ်းမနားမြို့ ပါဠိ တက္ကသိုလ် မင်္ဂလာဇေယျုံကျောင်း တိုက် ပဓာနနာယက အဂ္ဂမဟာ ပဏ္ဍိတ၊ အဂ္ဂမဟာ သဒ္ဓမ္မ ဇောတိကဓဇ ဘဒ္ဒန္တ ဝိမလဗုဒ္ဓိ
ဆရာတော်ကြီးများ အမှူးပြုသည့် ပင့်ဖိတ်ထားသော ဒေသခံဆရာ တော်ကြီး ၂၇ ပါး ကြွရောက် ချီးမြှင့်တော်မူကြပြီး နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ တပ်မတော် ကာကွယ်ရေးဦးစီး ချုပ်၊ ဇနီးတို့နှင့်အတူ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယ ဥက္ကဋ္ဌ ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ် ကာကွယ် ရေးဦးစီးချုပ် (ကြည်း) ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်းနှင့် ဇနီး ဒေါ်သန်းသန်းနွယ်၊ ကာကွယ်ရေး ဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိ ကြီးများနှင့် ဇနီးများ၊ တာဝန်ရှိ သူများ တက်ရောက်ကြသည်။
ဆက်ကပ်လှူဒါန်း
ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ် ရေးကောင်စီဥက္ကဋ္ဌ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်၊ ဇနီးနှင့် ဧည့်ပရိသတ်များသည် ဘုန်းတော် ကြီးကျောင်းအသီးသီးသို့ လှူဒါန်း ရန် ခင်းကျင်းပြင်ဆင်ထားသည့် ကထိန်လျာသင်္ကန်း၊ လှူဖွယ် ပစ္စည်းများနှင့် ပဒေသာပင်များ အား လှည့်လည်ကြည့်ရှုကြသည်။ ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ် ရေးကောင်စီဥက္ကဋ္ဌ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်နှင့် ဇနီး တို့သည် အနော်ရထာခန်းမ အတွင်းရှိ ဗုဒ္ဓရုပ်ပွားတော်မြတ် အား ဖူးမြော်ကြည်ညို၍ မြသပိတ် ဆွမ်းတော်နှင့် ပန်း၊ သောက်တော် ရေချမ်း၊ ဆီမီး၊ သစ်သီးတို့ကို ဆက်ကပ်လှူဒါန်းသည်။
ကိုးပါးသီလခံယူ
ယင်းနောက် အစီအစဉ်အရ မဟာဘုံကထိန် အလှူတော် မင်္ဂလာအခမ်းအနားကို နမော တဿ သုံးကြိမ်ရွတ်ဆို ဘုရား ကန်တော့ဖွင့်လှစ်ပြီး ပေါက်မြိုင် ကျောင်းတိုက် ပဓာနနာယက ဆရာတော်ကြီးထံမှ ကိုးပါးသီလ ခံယူဆောက်တည်ကြသည်။
ကထိန်လျာသင်္ကန်းဆက်ကပ်
ဆက်လက်၍ ဆရာတော်ကြီး များ ရွတ်ပွားချီးမြှင့်တော်မူသည့် မေတ္တသုတ် ပရိတ်တရားတော် များကို နာယူကြပြီး နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ တပ်မတော် ကာကွယ်ရေးဦးစီး ချုပ်နှင့် ဇနီးတို့က နေပြည်တော် ဇေယျာသီရိမြို့နယ် ရေဆင်း ကန်ဦးကျောင်းတိုက် ပဓာန နာယက အဂ္ဂမဟာဂန္ထဝါစက ပဏ္ဍိတ ဘဒ္ဒန္တ ဝိလာသ ထံ ကထိန်လျာ သင်္ကန်းကိုလည်း ကောင်း၊ ပေါက်မြိုင်ကျောင်းတိုက် ပဓာနနာယက ဆရာတော်ကြီးထံ ကထိန်သင်္ကန်းနှင့် လှူဖွယ်ပစ္စည်း များကိုလည်းကောင်း ဆက်ကပ် လှူဒါန်းသည်။
လှူဖွယ်ပစ္စည်းလှူဒါန်း
ထို့နောက် နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ ဒုတိယ ဥက္ကဋ္ဌ ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ် ကာကွယ် ရေးဦးစီးချုပ် (ကြည်း) နှင့် ဇနီး တို့က ပါဠိတက္ကသိုလ် မင်္ဂလာ ဇေယျုံကျောင်းတိုက် ပဓာန နာယကဆရာတော်ကြီးထံ ကထိန် သင်္ကန်းနှင့် လှူဖွယ်ပစ္စည်းများကို ဆက်ကပ်လှူဒါန်းပြီး တက် ရောက်လာကြသည့် တပ်မတော် အရာရှိကြီးများနှင့် ဇနီးများက ဆရာတော်၊ သံဃာတော်များထံ ကထိန်သင်္ကန်းနှင့် လှူဖွယ်ပစ္စည်း များကို ဆက်ကပ်လှူဒါန်းကြ သည်။
အမေးအဖြေများဆောင်ရွက်
ယင်းနောက် ရေဆင်းကန်ဦး ကျောင်းတိုက်မှ ဂဏဝါစက စာချ ဆရာတော်များ ဖြစ်ကြသည့် အရှင်ဝါယမနှင့် အရှင်ဇဝန တို့က ကထိန် အမေးအဖြေများကို ဆောင်ရွက်တော်မူကြသည်။
ရေစက်သွန်းလောင်း အမျှပေးဝေ
ဆက်လက်၍ ပါဠိတက္ကသိုလ် မင်္ဂလာဇေယျုံကျောင်းတိုက် ပဓာန နာယက ဆရာတော်ကြီးထံမှ ကထိန်အနုမောဒနာ တရားနာယူ ကြပြီး လှူဒါန်းမှုအစုစုအတွက် ရေစက်သွန်းလောင်း အမျှပေးဝေ ကြသည်။
နေ့ဆွမ်းဆက်ကပ်
ထို့နောက် အခမ်းအနားကို “ဗုဒ္ဓသာသနံ စိရံတိဋ္ဌတု” သုံးကြိမ် ရွတ်ဆိုဆုတောင်း၍ ရုပ်သိမ်းပြီး မဟာဘုံကထိန် အလှူတော် မင်္ဂလာ အခမ်းအနား အောင်မြင် ခြင်း အထိမ်းအမှတ်အဖြစ် ရတနာ ရွှေမိုး၊ ငွေမိုးများ ရွာသွန်းဖြိုးကြ သည်။ အခမ်းအနားအပြီးတွင် ပါဠိတက္ကသိုလ် မင်္ဂလာဇေယျုံ ကျောင်းတိုက် ပဓာနနာယက ဆရာတော်ကြီး အမှူးပြုသည့် ဆရာတော်၊ သံဃာတော်များ အား နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌနှင့် ဇနီး၊ ဧည့် ပရိသတ်များက နေ့ဆွမ်း ဆက်ကပ်လှူဒါန်းကြသည်။
၁၇၁၃ သိန်းကျော် လှူဒါန်း
ယနေ့ ကျင်းပပြုလုပ်သော ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း၊ ရေ၊ လေ) မိသားစုများ၏ ဒွါဒသမ အကြိမ်၊ (၁၂) ကြိမ်မြောက် မိသားစုမဟာဘုံကထိန် အလှူ တော် မင်္ဂလာအခမ်းအနားတွင် ရုံး၊ ဌာနအသီးသီးမှ ပဒေသာပင် စုစုပေါင်း ၈၄ ပင်၊ တန်ဖိုးငွေကျပ် ၁၇၁၃ သိန်းကျော် ပါဝင်လှူဒါန်း ခဲ့ကြပြီး သက်ဆိုင်ရာ ဘုန်းတော် ကြီးကျောင်းအသီးသီးသို့ ရုံး၊ ဌာနများအလိုက် မော်တော်ယာဉ် များဖြင့် ဆက်လက်ပို့ဆောင် လှူဒါန်းခဲ့ကြကြောင်း သတင်းရရှိ သည်။
သတင်းစဉ်



