ကာကွယ်ရေးဦးစီးချုပ်(ရေ)ဦးဆောင်သည့် မြန်မာ့တပ်မတော်(ရေ) ကိုယ်စားလှယ်အဖွဲ့ နိုင်ငံတကာရေကြောင်းဆိုင်ရာ ကာကွယ်ရေးပြပွဲတက်ရောက်၊ ရုရှားရေတပ်ဦးစီးချုပ်နှင့်တွေ့ဆုံ

နေပြည်တော်   ဇွန်    ၂၄


နိုင်ငံတကာ    ရေကြောင်းဆိုင်ရာ ကာကွယ်ရေးပြပွဲ  (International                 Maritime    Defence      Show (IMDS- 2021))   ကို    ရုရှား ဖက်ဒရေးရှင်းနိုင်ငံ၊ Saint Peter-sburg မြို့၌ ယနေ့ နံနက်ပိုင်းတွင်  ကျင်းပရာ နိုင်ငံတော်စီမံအုပ်ချုပ် ရေးကောင်စီဥက္ကဋ္ဌ    တပ်မတော် ကာကွယ်ရေးဦးစီးချုပ်၏  ရုရှား ဖက်ဒရေးရှင်းနိုင်ငံ  ခရီးစဉ်တွင် လိုက်ပါလာသည့် ကာကွယ်ရေး ဦးစီးချုပ်   (ရေ)    ဗိုလ်ချုပ်ကြီး မိုးအောင် ဦးဆောင်သည့် မြန်မာ့ တပ်မတော် (ရေ) ကိုယ်စားလှယ် အဖွဲ့ ပါဝင်တက်ရောက်ကြသည်။


ဦးစွာ  မြန်မာ့တပ်မတော်ရေ ကိုယ်စားလှယ်အဖွဲ့သည်  အခြား ဖိတ်ကြားထားသည့် နိုင်ငံပေါင်း ၂၈    နိုင်ငံမှ   တပ်မတော်  (ရေ)ကိုယ်စားလှယ်များနှင့်      အတူ (International Maritime Def-ence Show (IMDS-2021)) ဖွင့်ပွဲ အခမ်းအနားသို့ တက်ရောက်ကြ သည်။


ထို့နောက် ကာကွယ်ရေးဦးစီး ချုပ် (ရေ) ဗိုလ်ချုပ်ကြီး   မိုးအောင် သည်   ရုရှားရေတပ်     ဦးစီးချုပ် Admiral   Nikolai   Yevmenov နှင့်တွေ့၍    နှစ်နိုင်ငံရေကြောင်း ဆိုင်ရာ   ပူးပေါင်းဆောင်ရွက်ရေး ဆိုင်ရာကိစ္စရပ်များ၊ လေ့ကျင့်ရေး ဆိုင်ရာကိစ္စရပ်များ၊ ရေကြောင်း လုံခြုံရေးဆိုင်ရာနှင့် သဘာဝဘေး အန္တရာယ် ကာကွယ်ရေးဆိုင်ရာ ကိစ္စရပ်များကို အမြင်ချင်းဖလှယ် ဆွေးနွေးကြသည်။ 


ယင်းနောက်           မြန်မာ့ တပ်မတော် (ရေ)ကိုယ်စားလှယ် အဖွဲ့သည် JSC “ Almaz-Antey’’ ပြခန်းအတွင်း ခင်းကျင်းပြသထား သည့်   ကာကွယ်ရေးပစ္စည်းများ ကို   လှည့်လည်ကြည့်ရှု    လေ့လာ ခဲ့ကြကြောင်း         သတင်းရရှိ သည်။

သတင်းစဉ်