ကာကွယ်ရေးဦးစီးချုပ်(ရေ) ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့ အိန္ဒိယနိုင်ငံ၌ ကျင်းပသည့် (၃)ကြိမ်မြောက် Goa Maritime Conclave 2021 သို့ တက်ရောက်

နေပြည်တော် နိုဝင်ဘာ ၁၄


အိန္ဒိယနိုင်ငံ   ဂိုအာမြို့တွင် (၃)ကြိမ်မြောက်  Goa Maritime Conclave 2021 (GMC-2021)ကို နိုဝင်ဘာ ၇ ရက်မှ ၉ ရက်အထိ ကျင်းပခဲ့ရာ ကာကွယ်ရေး ဦးစီးချုပ်(ရေ) ဗိုလ်ချုပ်ကြီးမိုးအောင် ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့ တက်ရောက်ခဲ့သည်။     


ဖွင့်လှစ်ပေး


အဆိုပါ Goa Maritime Conclave ကို အိန္ဒိယ နိုင်ငံ ရေတပ်မှ နှစ်နှစ်တစ်ကြိမ် အိမ်ရှင်နိုင်ငံအဖြစ် ကျင်းပခြင်းဖြစ်ပြီး    ယခုနှစ်တွင်   အိန္ဒိယရေတပ် Naval War College  က  တာဝန်ယူကျင်းပခဲ့ခြင်း ဖြစ်ကာ   အိန္ဒိယနိုင်ငံ  ကာကွယ်ရေးအတွင်းဝန် Defence   Secretary   Dr.  Shri  Ajay  Kumar ၊ နိုင်ငံခြားရေးအတွင်းဝန်     Foreign   Secretary Mr.  Harsh Vardhan Shringla နှင့် အိန္ဒိယရေတပ် ဦးစီးချုပ် Admiral Karambir Singh တို့က အဖွင့် မိန့်ခွန်းများ အသီးသီးပြောကြား၍ အခမ်းအနားကို ဖွင့်လှစ်ပေးခဲ့သည်။ 
ထို့နောက်   တက်ရောက်လာသော  ရေတပ် ဦးစီးချုပ်များက Maritime Security and Emerging Non-Traditional Threats: A Case for Proactive Role for IOR Navies နှင့်ပတ်သက်၍ တည်ငြိမ် အေးချမ်းသည့် အိန္ဒိယသမုဒ္ဒရာ Peaceful India Ocean ဖြစ်စေရန်အတွက် ရေကြောင်းမူဝါဒဆိုင်ရာ သဘောထားအမြင်များကို နိုင်ငံအလိုက် ဆွေးနွေး ခဲ့ကြသည်။ ထိုသို့  ဆွေးနွေးရာတွင် ကာကွယ်ရေး ဦးစီးချုပ်(ရေ)   ဗိုလ်ချုပ်ကြီးမိုးအောင်က   အိန္ဒိယ သမုဒ္ဒရာ၏ မဟာဗျူဟာအချက်အချာကျမှု၊ အခွင့် အလမ်းနှင့် စိန်ခေါ်မှုများ၊ ရေကြောင်းလုံခြုံရေးဆိုင်ရာ ကိစ္စရပ်များတွင်   တပ်မတော်(ရေ)မှ     တက်ကြွစွာ ပူးပေါင်းဆောင်ရွက်နေမှု   အခြေအနေများ၊ အိန္ဒိယ သမုဒ္ဒရာအတွင်း သမားရိုးကျမဟုတ်သော လုံခြုံရေးခြိမ်းခြောက်မှုများကို Navy to Navy Staff Talks ၊ Coordinated Patrol၊ Bilateral နှင့် Multilateral ပူးပေါင်း၍ ဖြေရှင်းဆောင်ရွက်နိုင်မည့် နည်းလမ်းများ အား ဖော်ထုတ်ဆွေးနွေးခဲ့ပြီး  Comom  Maritine Priorities in IOR အား ထုတ်ပြန်ကြေညာခဲ့သည်။ 


ဆက်လက်၍ ဆွေးနွေးပွဲသို့  တက်ရောက်လာ ကြသော အငြိမ်းစား ရေတပ်ဦးစီးချုပ်များ၊ ရေတပ် အရာရှိကြီးများ၊  သံအမတ်ကြီးများနှင့်  ကျွမ်းကျင် ပညာရှင်များက Maritime Security and Emerging Non-Traditional Threats  ခေါင်းစဉ်ကိုလည်း ကောင်း၊ မြန်မာနိုင်ငံအပါအဝင် နိုင်ငံပေါင်း ၂၂ နိုင်ငံမှ ဆက်ဆံရေးကိုယ်စားလှယ်အရာရှိများ ပါဝင်ဖွဲ့စည်း ထားရှိသည့် Information Fusion Centre –Indian Ocean Region(IFC-IOR)က ၂၀၂၁ ခုနှစ်အတွင်း အိန္ဒိယသမုဒ္ဒရာအတွင်း၌ ဖြစ်ပွားခဲ့သော သမားရိုးကျ မဟုတ်သည့် ခြိမ်းခြောက်မှုများအပေါ် လေ့လာ သုံးသပ်ခြင်း၊    ပင်လယ်ရေကြောင်း  လုံခြုံရေးနှင့် ဘေးအန္တရာယ်ကင်းရှင်းရေးတို့အတွက်  သတင်း အချက်အလက်ဖလှယ်ခြင်း၏    အရေးပါမှုများကို လည်းကောင်း  ဆွေးနွေးခဲ့ကြသည်။


အမြင်ချင်းဖလှယ် ဆွေးနွေး


ခရီးစဉ်အတွင်း   ကာကွယ်ရေးဦးစီးချုပ်(ရေ) ဗိုလ်ချုပ်ကြီးမိုးအောင် ဦးဆောင်သော ကိုယ်စားလှယ် အဖွဲ့သည် သီရိလင်္ကာနိုင်ငံ ရေတပ်ဦးစီးချုပ် Vice Admiral Nishantha Ulugetenne နှင့် လည်းကောင်း၊ အိန္ဒိယရေတပ် အနောက်ပိုင်းရေတပ်ကွပ်ကဲမှုဌာန ချုပ် ဌာနချုပ်မှူး Vice Admiral R. Hari Kumar ၊ တောင်ပိုင်းရေတပ်ကွပ်ကဲမှုဌာနချုပ်   ဌာနချုပ်မှူး Vice Admiral Anil Kumar Chawla၊ ရေကြောင်း တိုင်းတာရေးဌာနမှ Chief Hydrographer ဖြစ်သူ Vice Admiral Adhir Arora နှင့် တွေ့ဆုံပြီး အပြန် အလှန် အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြသည်။ 


ထို့ပြင် ချစ်ကြည်ရေးကိုယ်စားလှယ်အဖွဲ့သည် Mormugoa Port Terminal ဆိပ်ကမ်းရှိ အိန္ဒိယရေတပ်၏ရေငုပ်သင်္ဘောကယ်ဆယ်ရေးရေယာဉ် Deep Submergence  Rescue  Vessel-DSRV  သို့လည်း ကောင်း၊ Kolkata  Class ဒုံးပျံတင် ဖျက်သင်္ဘော INS Kochi (D64)သို့လည်းကောင်း၊ Goa Shipyard Limited သင်္ဘောကျင်းသို့  လည်းကောင်း၊ အိန္ဒိယ ရေတပ်၏ လေတပ်အခြေစိုက်စခန်း INS Hansa သို့ လည်းကောင်း၊ Naval Aviation Museum သို့ လည်းကောင်း သွားရောက်လေ့လာ ကြည့်ရှုကြရာ တာဝန်ရှိသူများက လိုက်လံရှင်းလင်းပြသခဲ့ကြောင်း သိရသည်။


သတင်းစဉ်