ကာကွယ်ရေးဦးစီးချုပ်(ရေ) တံခွန်စိုက်ဒိုင်း ရေကူးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုပေးပွဲကျင်းပ

 

နေပြည်တေ်  စက်တင်ဘာ  ၁


၂၀၂၃ ခုနှစ် ကာကွယ်ရေးဦးစီးချုပ် (ရေ) တံခွန်စိုက်ဒိုင်း ရေကူးပြိုင်ပွဲ ဗိုလ်လုပွဲနှင့်  ဆုပေးပွဲကို  ယနေ့ နံနက်ပိုင်းက   သန်လျင်တပ်နယ် ရေကူးကန်၌ ပြုလုပ်ရာ  ကာကွယ် ရေးဦးစီးချုပ်(ရေ) ဗိုလ်ချုပ်ကြီး မိုးအောင်နှင့်  တပ်မတော်(ရေ)မှ အရာရှိကြီးများ၊ အရာရှိ၊ စစ်သည် များ၊ မြန်မာနိုင်ငံရေကူးအဖွဲ့ချုပ် မှ    ဒိုင်အဖွဲ့ဝင်များ၊  ပြိုင်ပွဲဝင် အားကစားသမားများနှင့် အားကစား ဝါသနာရှင်များ      တက်ရောက် ကြသည်။


ဦးစွာ  ကာကွယ်ရေးဦးစီးချုပ် (ရေ)က  တက်ရောက်လာကြသူ များနှင့်အတူ    ပြိုင်ပွဲဝင်အသင်း များ၏ မီတာ ၅၀ ရင်ပေါင်တန်း ကူးပြိုင်ပွဲ၊  မီတာ ၁၀၀ အလွတ် ကူးပြိုင်ပွဲ၊ မီတာ ၅၀ ပက်လက် ကူးပြိုင်ပွဲနှင့်    မီတာ(၅၀x၄) လက်ဆင့်ကမ်းအလွတ်ကူး ပြိုင်ပွဲ များ၏ ဗိုလ်လုပွဲယှဉ်ပြိုင်ကစားမှု များကို      ကြည့်ရှုအားပေးပြီး ပြိုင်ပွဲအမျိုးအစားအလိုက်  ပထမ၊ ဒုတိယနှင့် တတိယဆုရရှိကြသည့် ပြိုင်ပွဲဝင်    အားကစားသမားများ အား ကာကွယ်ရေး ဦးစီးချုပ်(ရေ)မှ    ဂုဏ်ပြုဆုငွေများ   ပေးအပ် ချီးမြှင့်သည်။ ထို့နောက် တစ်ဦး ချင်းဆုရရှိသူများ၊   အသင်းလိုက် ဆုရရှိသူများနှင့်  တံခွန်စိုက်  ဒိုင်း ဆုရရှိသော  ရေတပ်လေ့ကျင့်ရေးဌာနချုပ်အသင်းတို့အား ကာကွယ် ရေးဦးစီးချုပ် (ရေ)မှ   တံခွန်စိုက် ဒိုင်းဆုနှင့် ဂုဏ်ပြုဆုများ ပေးအပ် ချီးမြှင့်သည်။ 


အဆိုပါ     ရေကူးပြိုင်ပွဲ၌ မီတာ   ၁၀၀      အလွတ်ကူးပြိုင်ပွဲတွင် ယခင်နှစ် တပ်မတော်  (ရေ)  ၏ စံချိန်ကိုချိုး၍        အမှတ်  (၄)​ဗျူဟာစစ်ရေယာဉ်စု    အသင်းမှ တပ်သား ဇွဲကျော်ထူးသည် စံချိန် သစ်တင်နိုင်ခဲ့ကြောင်း သိရသည်။


ဆက်လက်ပြီး ကာကွယ်ရေး ဦးစီးချုပ်  (ရေ)  က ပြိုင်ပွဲဝင် အားကစားသမားများနှင့် တာဝန် ရှိသူများအား    တွေ့ဆုံအားပေး စကား       ပြောကြားရာတွင် တပ်မတော်(ရေ) ရေကူးအသင်း အနေဖြင့် မျိုးဆက်သစ်အားကစား သမားများ  ပေါ်ထွန်းလာစေရေး အတွက် ခေတ်မီနည်းစနစ်များဖြင့် စနစ်တကျစုဖွဲ့လေ့ကျင့်သွားကြ ရန်၊   လက်ရွေးစင်အသင်းအနေ ဖြင့်   ဝင်ရောက်ယှဉ်ပြိုင်ရာတွင် အောင်မြင်မှုများ    ရရှိစေရန်နှင့် နိုင်ငံ့ဂုဏ်ဆောင် ရေကူးအားကစား သမားများအဖြစ် ပေါ်ထွန်းလာစေ ရေး   စဉ်ဆက်မပြတ်  လေ့ကျင့် ပျိုးထောင်သွားကြရန်    မှာကြား သည်။


အဆိုပါ        ရေကူးပြိုင်ပွဲကို ကာကွယ်ရေးဦးစီးချုပ်ရုံး  (ရေ) ကွပ်ကဲမှုအောက်ရှိ ရေတပ်စခန်း ဌာနချုပ်များမှ ပြိုင်ပွဲဝင်အသင်း ၁၂ သင်းဖြင့် သြဂုတ် ၃၀ ရက်မှ စတင်    ကျင်းပပြုလုပ်ခြင်းဖြစ် ကြောင်း သတင်းရရှိသည်။ 

သတင်းစဉ်