
နေပြည်တော် မေ ၃၀
ရခိုင်ပြည်နယ် ကျောက်ဖြူမြို့သို့ ရောက်ရှိနေသော ကာကွယ်ရေး ဦးစီးချုပ် (ရေ) ဗိုလ်ချုပ်ကြီး မိုးအောင်သည် ယနေ့နံနက်ပိုင်း က နယ်မြေခံရေတပ်စခန်းဌာန ချုပ်မှူးနှင့် တာဝန်ရှိသူများ လိုက်ပါလျက် စစ်တောတပ်နယ်ရှိ နယ်မြေခံ ရေတပ်စခန်းများကို သွားရောက် စစ်ဆေးကြည့်ရှုခဲ့ သည်။ နယ်မြေခံ ရေတပ်စခန်း ဌာနချုပ်ရှိ မိသားစုနေအိမ်လိုင်း ခန်းများနှင့် မိသားစုတစ်ပိုင် တစ်နိုင် စိုက်ပျိုးမွေးမြူရေးများ ကို ကြည့်ရှုစစ်ဆေးခြင်း၊ တပ်ပိုင် စိုက်ပျိုးမွေးမြူရေးခြံသို့ သွား ရောက်ပြီး ငါးမွေးမြူရေးကန်၊ ဒေသဆိတ်မွေးမြူရေးခြံ၊ DYL ဝက်မွေးမြူရေးခြံ၊ ကာကီကင်းဘဲ မွေးမြူရေးခြံ၊ နို့စားနွားမွေးမြူ ရေးခြံ၊ ဥစားကြက် မွေးမြူရေးခြံ၊ Green House စိုက်ပျိုးရေးခြံ နှင့် ရာသီသီးနှံ စိုက်ခင်းတို့ကို လှည့်လည်ကြည့်ရှု စစ်ဆေး ခြင်းများ ဆောင်ရွက်ခဲ့သည်။ ထို့နောက် နဂါးမော်ဆည်သို့ သွား ရောက် ကြည့်ရှုစစ်ဆေး၍ ဆည် ရေဝင် ရေလဲကောင်းမွန်စေရေး၊ မိုးရာသီတွင် ရေပိုမိုသိုလှောင် စုဆောင်းနိုင်ရန် ပြုပြင်ထိန်းသိမ်း မှုများ ဆောင်ရွက်သွားရေးတို့ကို မှာကြားခဲ့ပြီး လိုအပ်သည်များ ဖြည့်ဆည်း ဆောင်ရွက်ပေး ခဲ့သည်။
ဆက်လက်၍ နယ်မြေခံ ရေတပ်စခန်း ဌာနချုပ်ကွပ်ကဲမှု အောက်တပ်သို့ သွားရောက်ပြီး ငါးခူမွေးမြူရေး ဆောင်ရွက်ထားရှိ မှုအား ကြည့်ရှုခြင်း၊ ဥစားကြက် ခြံ၊ DYL ဝက်မွေးမြူရေးခြံ၊ ဒေသ နွားမွေးမြူရေးခြံနှင့် ဒေသဆိတ် မွေးမြူရေးခြံများကို ကြည့်ရှု စစ်ဆေးခြင်းတို့ ဆောင်ရွက်ခဲ့ သည်။ ထို့နောက် ပင်လယ် ကမ်းခြေတစ်လျှောက် အုန်းပင်နှင့် ဒီရေရောက်တောများ စိုက်ပျိုး ဖြစ်ထွန်း အောင်မြင်မှုအား ကြည့်ရှုစစ်ဆေးခဲ့ပြီး ယခုနှစ် မိုးရာသီတွင် ကြိုတင်စုဆောင်း ထားသည့် အုန်းပင်၊ လမုပင်များ နှင့် အရိပ်ရလေကာပင်များ ထပ်မံ စိုက်ပျိုးနိုင်ရေး မှာကြား၍ နယ်မြေခံ ရေတပ်စခန်းဌာနချုပ်ရှိ အရာရှိ၊ စစ်သည်၊ မိသားစုဝင်များ အား တွေ့ဆုံအားပေး စကားပြော ကြားကာ ထောက်ပံ့ပစ္စည်းများ ပေးအပ်ပြီး လိုအပ်သည်များ ဖြည့်ဆည်း ဆောင်ရွက်ပေး ခဲ့သည်။
ထို့နောက် မဒေးဆိပ်ကမ်း သို့ ရေနံတင်သင်္ဘောကြီးများ ဝင်ရောက်လျက်ရှိသည့် ရေလမ်း ကြောင်း အခြေအနေများကို လှည့်လည်ကြည့်ရှု စစ်ဆေးခဲ့ ကြောင်း သတင်းရရှိသည်။
သတင်းစဉ်