
နေပြည်တော် မေ ၁
မြန်မာနှင့်ထိုင်း လေတပ်နှစ်ရပ် အကြား ချစ်ကြည်ရင်းနှီးမှုနှင့် ပူးပေါင်းဆောင်ရွက်မှုများ ပိုမို မြှင့်တင်နိုင်ရန်အတွက် ကာကွယ် ရေးဦးစီးချုပ်(လေ) ဗိုလ်ချုပ်ကြီး ထွန်းအောင် ဦးဆောင်သော တပ်မတော်(လေ)ကိုယ်စားလှယ် အဖွဲ့သည် ထိုင်းဘုရင့်လေတပ် ဦးစီးချုပ် Air Chief Marshal Punpakdee Pattanakul ၏ ဖိတ်ကြားချက်အရ ချစ်ကြည်ရေး ခရီးသွားရောက်ရန် ဧပြီ ၃၀ ရက် ညနေပိုင်းတွင် လေကြောင်းခရီး ဖြင့် ရန်ကုန်မြို့မှ ထိုင်းနိုင်ငံသို့ ထွက်ခွာသွားသည်။
ကာကွယ်ရေးဦးစီးချုပ် (လေ) ဦးဆောင်သည့် ချစ်ကြည်ရေး ကိုယ်စားလှယ်အဖွဲ့ကို ရန်ကုန် တိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ဇော်ဟိန်း၊ တပ်မတော် အရာရှိကြီးများနှင့် တာဝန်ရှိသူ များက ရန်ကုန်အပြည်ပြည် ဆိုင်ရာလေဆိပ်၌ ပို့ဆောင် နှုတ်ဆက်ကြသည်။
အဆိုပါ ထိုင်းနိုင်ငံချစ်ကြည် ရေးခရီးစဉ်တွင် ကာကွယ်ရေးဦးစီး ချုပ်(လေ)နှင့်အတူ တပ်မတော် (လေ)မှ အရာရှိကြီးများ လိုက်ပါ သွားပြီး ခရီးစဉ်တွင် နှစ်နိုင်ငံ လေတပ်အကြား ချစ်ကြည်ရင်းနှီး မှုနှင့် ပူးပေါင်းဆောင်ရွက်မှုများ ပိုမိုမြှင့်တင်နိုင်ရေး ကိစ္စရပ်များ နှင့်ပတ်သက်၍ တွေ့ဆုံဆွေးနွေးသွားမည်ဖြစ်ကြောင်း သတင်းရရှိ သည်။
သတင်းစဉ်