ကာကွယ်ရေးဦးစီးချုပ် (ရေ) ဗိုလ်ချုပ်ကြီး မိုးအောင် ဦးဆောင်သည့် မြန်မာ့တပ်မတော် (ရေ) ကိုယ်စားလှယ်အဖွဲ့ နိုင်ငံတကာရေကြောင်းဆိုင်ရာ ကာကွယ်ရေးပြပွဲ ဒုတိယနေ့ ဆက်လက်ကြည့်ရှုလေ့လာ

 

နေပြည်တော်   ဇွန်  ၂၅


နိုင်ငံတကာရေကြောင်းဆိုင်ရာ     ကာကွယ်ရေးပြပွဲ (International Maritime Defence Show (IMDS-2021))ကို ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ Saint Peters-burg  မြို့၌ ယနေ့နံနက်ပိုင်းတွင်   ဆက်လက်ကျင်းပ ရာ      နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၏ ရုရှားဖက်ဒရေး ရှင်းနိုင်ငံခရီးစဉ်တွင် လိုက်ပါလာကြသည့်  ကာကွယ် ရေးဦးစီးချုပ်(ရေ)  ဗိုလ်ချုပ်ကြီး မိုးအောင် ဦးဆောင် သည့် မြန်မာ့တပ်မတော်(ရေ)  ကိုယ်စားလှယ်အဖွဲ့ သည်  ဒုတိယနေ့ပြခန်းများတွင်     ခင်းကျင်းပြသ ထားသည့် ကာကွယ်ရေးပစ္စည်းများအား လှည့်လည် ကြည့်ရှုလေ့လာကြပြီး  သိရှိလိုသည်များကို မေးမြန်း ဆွေးနွေးကြသည်။


မွန်းလွဲပိုင်းတွင် ဗိုလ်ချုပ်ကြီးမိုးအောင် ဦးဆောင် သည့် မြန်မာ့တပ်မတော်(ရေ) ကိုယ်စားလှယ်အဖွဲ့ သည် Saint  Petersburg   မြို့ရှိ ဆိပ်ခံတံတားတွင်  ဆိုက်ကပ်ထားသည့်   ရေငုပ်သင်္ဘောစစ်ရေယာဉ်များ၊ ဖရီးဂိတ်စစ်ရေယာဉ်များ၊ ကော်ဗက်စစ်ရေယာဉ်များ၊   ပဲ့ထိန်းဒုံးပျံတင်   အမြန်သွားကင်းလှည့်ရေယာဉ်များ၊ မိုင်းရှင်း၊ မိုင်းချရေယာဉ်များနှင့် ကမ်းထိုးကမ်းတက် ရေယာဉ်များကို    သွားရောက်လေ့လာကြည့်ရှုခဲ့ကြ ကြောင်း   သတင်းရရှိသည်။    

                                                
သတင်းစဉ်