ကာကွယ်ရေးသည် ပထမ

လွတ်လပ်ပြီ ကိုင်း… ဘာကကျုပ်တို့တိုင်းပြည်စကြမလဲ၊ ဘယ်လို တိုင်းပြည်အသစ်ထောင်မလဲ။ ယခု အစိုးရအဖွဲ့က အတော်အတန် ဗမာပြည် ခေတ်သစ်ထူထောင်ရေးအတွက် လုပ်ငန်းအစီအစဉ်တွေ ပြောသွားတာ ကြားလိုက်ပါရဲ့။ ဒါပေမယ့် အဲဒီအစီအစဉ်တွေ လုပ်ဖြစ်ပါပြီတဲ့၊ တစ်နေ့ ဒီဟာတွေကို ကာကွယ်ဖို့ အားမရှိရင် ဘယ်မှာ အသုံးကျတော့မလဲ။ ဒါကြောင့် ဗမာပြည်ရဲ့ ကာကွယ်ရေးသည် ပထမ၊ ဗမာပြည်ရဲ့ လွတ်လပ်ရေးသည် ဗမာပြည်ကာကွယ်ရေးအပေါ် တည်၏။ ဒါကြောင့် ဗမာ့ကာကွယ် ရေးဟာ ဗမာ့လွတ်လပ်ရေးနဲ့ ညီမျှတယ်။ ဒီအချက်ကို ဘယ်သူမှ မငြင်းနိုင်ဘူး။ ဗမာ့အဓိကပြဿနာဟာ ဗမာ့ကာကွယ်ရေးပဲလို့ တထစ်ချမှတ်လိုက်ပါ။
(မြန်မာပြည် ကာကွယ်ရေးတပ်မတော်သို့ ဝင်ရောက်စစ်မှုထမ်းရန်ကိစ္စနှင့် ပတ်သက်၍ ၁၉၄၂ ခုနှစ်၊ နိုဝင်ဘာလ ၂၇ ရက်နေ့တွင် မြန်မာ့ကာကွယ်ရေးတပ်မတော် စစ်သေနာပတိ ဗိုလ်ချုပ်အောင်ဆန်း၏ အသံလွှင့်ပြောကြားချက်မှ ကောက်နုတ်ချက်)