ကာကွယ်ဆေးထိုးနှံမှုခံယူပြီးသည့် ခရီးသွားများအား သီးသန့်ခွဲထားစောင့်ကြည့်မှုခံယူရန်မလိုကြောင်း ကမ္ဘေားဒီးယာနိုင်ငံ ဝန်ကြီးချုပ် ဟွန်ဆန် ပြောကြား

ဖနောင်ပင်   နိုဝင်ဘာ  ၁၄


ကမ္ဘောဒီးယားနိုင်ငံ၌ နိုဝင်ဘာ ၁၅ ရက်မှစတင်ကာ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး   ထိုးနှံမှုခံယူပြီးသည့် ခရီးသွားများအနေဖြင့် ကိုဗစ်-၁၉ ရောဂါဆိုင်ရာ     သီးသန့်ခွဲထားစောင့်ကြည့်မှုခံယူရန်   လိုအပ် တော့မည်       မဟုတ်ကြောင်း ကမ္ဘောဒီးယားနိုင်ငံ ဝန်ကြီးချုပ် ဟွန်ဆန်က ယနေ့တွင် ပြောကြား သည်။
ကမ္ဘောဒီးယား      နိုင်ငံသည် ကိုဗစ်-၁၉ ရောဂါကြောင့် နိုင်ငံ အတွင်းခရီးသွားလာသူများအား သီးသန့်ခွဲထား စောင့်ကြည့်မှုကို ၁၈ လကြာချမှတ်ထားခဲ့ပြီးနောက် ယနေ့တွင်   ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး   ထိုးနှံမှုခံယူပြီး သည့် ခရီးသွားများအား    သီးသန့် ခွဲထား  စောင့်ကြည့်မှုခံယူရမည်  မဟုတ်ကြောင်း ကြေညာချက်ကို ဝန်ကြီးချုပ် ဟွန်ဆန်က လူမှုမီဒီယာ မှတစ်ဆင့်   ထုတ်ပြန်ခဲ့ခြင်းဖြစ် သည်။


ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး နှစ်ကြိမ်ထိုးနှံမှုခံယူပြီးသူများနှင့် ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရမှုမရှိ ကြောင်း  အထောက်အထားပြသ နိုင်သူများအား ကမ္ဘောဒီးယားနိုင်ငံ အတွင်း  ခရီးသွားလာခွင့်ပြုမည် ဖြစ်ကြောင်းလည်း ဝန်ကြီးချုပ် ဟွန်ဆန်က ဆက်လက်ပြောကြား သည်။


ထို့ပြင်     ခရီးသွားလာသူများ အနေဖြင့် ၇၂ နာရီအတွင်း စမ်းသပ် စစ်ဆေးထားသည့်  ကိုဗစ်-၁၉ ရောဂါမရှိကြောင်း   အထောက် အထားပြသရန်နှင့်  ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး    နှစ်ကြိမ် ထိုးနှံမှုခံယူပြီးကြောင်း   လက်မှတ် ကို  ပြသရမည်ဖြစ်ကြောင်းလည်း ဟွန်ဆန်က ဆက်လက်ပြောကြား သည်။ ကိုဗစ်-၁၉ ရောဂါကာကွယ် ဆေးမထိုးနှံရသေးသူများမှာမူ ၁၄ ရက်ကြာ   သီးသန့်ခွဲထားစောင့် ကြည့်မှုခံယူရမည်   ဖြစ်ကြောင်း သိရသည်။ 


ကမ္ဘောဒီးယားနိုင်ငံ၌ နိုင်ငံလူဦး ရေ ၁၆ သန်းရှိသည့်အနက် ၉၀ ရာခိုင်နှုန်းနီးပါးသည် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး      နှစ်ကြိမ် ထိုးနှံမှုခံယူပြီးဖြစ်ကြောင်းလည်း သိရသည်။

ကိုးကား-စီအင်န်အေ 
ဘာသာပြန်-အလင်းသစ်