နေပြည်တော် ဇန်နဝါရီ ၁၀
ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီးမြို့နယ်အတွင်းရှိ နယ်မြေလုံခြုံရေး နှင့် နယ်မြေစိုးမိုးရေးတာဝန်များ ထမ်းဆောင်လျက်ရှိသည့် အရာရှိ၊ စစ်သည်များနှင့် မိသားစုဝင်များကို စားသောက်ဖွယ်ရာများနှင့် ချီးမြှင့် ငွေများ ပေးအပ်ခြင်းကို ယနေ့ မွန်းလွဲပိုင်းတွင် နယ်မြေခံတပ်ရင်းခန်းမ အသီးသီး၌ ပြုလုပ်ရာ အရှေ့တောင်တိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် မြတ်သက်ဦးနှင့် အဖွဲ့ဝင်များ၊ ကရင်ပြည်နယ်အစိုးရအဖွဲ့မှ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး မျိုးမင်းနောင်နှင့် အရာရှိ၊ စစ်သည်၊ မိသားစုဝင်များ တက်ရောက်ကြသည်။
ဦးစွာ တိုင်းမှူးက အမှာစကားများ ပြောကြားသည်။ ထို့နောက် အရာရှိ၊ စစ်သည်၊ မိသားစုဝင်များ၏ တင်ပြချက်များကို တိုင်းမှူးနှင့် တာဝန်ရှိသူများက ဖြည့်ဆည်းဆောင်ရွက်ပေးပြီး စားသောက်ဖွယ်ရာ များနှင့် ချီးမြှင့်ငွေများ ပေးအပ်ကာ ရင်းရင်းနှီးနှီး လိုက်လံ နှုတ်ဆက်ခဲ့ကြကြောင်း သတင်းရရှိသည်။
သတင်းစဉ်



