ကြာအင်းဆိပ်ကြီးမြို့နယ် ကြာအင်းဆိပ်ကြီး - မော်လမြိုင်သွား ကားလမ်းပေါ်ရှိ ဒါလီချောင်း သံကူကွန်ကရစ်တံတားကို KNLA အဖွဲ့နှင့် PDF အမည်ခံ အကြမ်းဖက်သမားများက မိုင်းထောင်ဖောက်ခွဲဖျက်ဆီး

 

နေပြည်တော်  ဇန်နဝါရီ    ၂၈
ကရင်ပြည်နယ်    ကြာအင်းဆိပ်ကြီးမြို့နယ်    ကြာအင်းဆိပ်ကြီး - မော်လမြိုင်သွား  ကားလမ်းပေါ် အရှည်ပေ ၁၈၀၊ အကျယ် ၁၄ ပေရှိ   ဒါလီချောင်းသံကူကွန်ကရစ်တံတားအား KNLA အဖွဲ့နှင့် PDF အမည်ခံ အကြမ်းဖက်သမားများက ယနေ့နံနက် ၇ နာရီခွဲခန့်တွင် မိုင်းထောင် ဖောက်ခွဲဖျက်ဆီးခဲ့သည်။
မိုင်းဖောက်ခွဲမှုကြောင့် တံတား၏ တောင်ဘက်ခြမ်း ကမ်းကပ်ခုံ အနီးမှ   အထက်ပိုင်းကျိုးကျ     ပျက်စီးခဲ့ပြီး   မော်တော်ယာဉ်များ     ဖြတ်သန်းသွားလာနိုင်မှုမရှိကြောင်းနှင့်  အဆိုပါတံတားပျက်စီးခဲ့မှုကို  တာဝန်ရှိသူများက ပြန်လည်ပြုပြင်ခြင်းလုပ်ငန်းများ ဆောင်ရွက်လျက် ရှိကြောင်း သတင်းရရှိသည်။     
  သတင်းစဉ်