
နေပြည်တော် ဩဂုတ် ၁၇
Helpline တာဝန်ကျဝန်ထမ်းများအား “ကျား၊ မ အခြေပြုအကြမ်းဖက်မှုဖြစ်ရပ်များ ဖြေရှင်းဆောင် ရွက်မှုဆိုင်ရာ သင်တန်း(၁/၂၀၂၂)” ဖွင့်ပွဲအခမ်းအနား ကို ယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ လူမှု ဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထား ရေးဝန်ကြီးဌာနဝန်ကြီးရုံး စုပေါင်းအစည်းအဝေး ခန်းမ၌ ကျင်းပသည်။
အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီး ဒေါက်တာ သက်သက်ခိုင်က လူမှုဝန်ထမ်းဦးစီးဌာန အနေဖြင့် အမျိုးသမီးများနှင့်မိန်းကလေးငယ်ရွယ် များအပေါ် ကျား၊ မ ရေးရာအခြေပြု အကြမ်းဖက် မှုများနှင့်စပ်လျဉ်း၍ ကြိုတင်ကာကွယ်ခြင်း၊ တားဆီးခြင်းနှင့် တုံ့ပြန်မှုပေးခြင်းတို့ကို သက်ဆိုင်ရာ အစိုးရဌာနနှင့် အစိုးရအဖွဲ့အစည်းများ ပူးပေါင်း ဆောင်ရွက်လျက်ရှိကြောင်း၊ ကျား၊ မ အခြေပြု အကြမ်းဖက်ခြင်း အထူးသဖြင့် အမျိုးသမီးများအပေါ် အကြမ်းဖက်မှုများသည် အချိန်နှင့်နေရာမရွေး ဖြစ်ပွားနိုင်ကြောင်း၊ အကြမ်းဖက်မှုဖြစ်ပွားသည်နှင့် တစ်ပြိုင်နက်တုံ့ပြန်ကာကွယ်မှုပေးရန်လည်း လိုအပ် ကြောင်း။
အမျိုးသမီးများအပေါ် အကြမ်းဖက်မှုများကို သတင်းပို့တိုင်ကြားနိုင်ရေးအတွက် ဝန်ကြီးဌာနအနေ ဖြင့် ၂၄ နာရီ Helpline ဝန်ဆောင်မှုကိုထားရှိပြီး တိုင်ကြားစာများကို လက်ခံဖြေရှင်းဆောင်ရွက်ပေးလျက်ရှိကြောင်း၊ ဇန်နဝါရီလမှစတင်၍ ဖုန်းဖြင့် တိုင်ကြားမှုအပြင် နည်းလမ်းမျိုးစုံတိုင်ကြားနိုင်ရေး အတွက် Viber နှင့် Facebook Page များတည်ထောင် ကာ စာတိုပေးပို့တိုင်ကြားနိုင်ရေးကိုလည်း စီစဉ်ထား ရှိကြောင်း။
အကြမ်းဖက်ခံရသည့် ဖြစ်စဉ်တိုင်ကြားမှုကို လက်ခံရရှိသည်နှင့် တိုင်ကြားမှုကို ဖြေရှင်းဆောင် ရွက်ရန် နေပြည်တော်၊ တိုင်းဒေသကြီးနှင့် ပြည်နယ် အသီးသီးတွင် စနစ်တကျ လေ့ကျင့်သင်ကြားပေးထား သော Case Manager များက အကြမ်းဖက်ခံရသူများ နှင့် တွေ့ဆုံပြီး လိုအပ်သည့်အကူအညီများ ပံ့ပိုးပေး နိုင်ရေးအတွက် Case Management Process နှင့် အညီ ဝန်ဆောင်မှုပေးလျက်ရှိကြောင်း။
လူမှုဝန်ထမ်းဦးစီးဌာနက ဖွင့်လှစ်ထားသည့် Helpline ဖုန်းများသို့ စတင်ဖွင့်လှစ်သည့် ၂၀၁၆ ခုနှစ် နိုဝင်ဘာ ၂၉ ရက်မှ ၂၀၂၂ ခုနှစ် ဇူလိုင်လအထိ တိုင်ကြားလာသည့် Case ပေါင်း ၁၇၁၉ ရှိပြီး ယင်းတို့အနက် GBV Case ၁၀၈၀ မှုနှင့် အခြား Case ၆၄၉ မှုကို ဖြေရှင်းဆောင်ရွက်ပေးနိုင်ခဲ့ ကြောင်း ပြောကြားသည်။
ဆက်လက်၍ ဒုတိယဝန်ကြီး ဦးအောင်ထွန်းခိုင် က အမှာစကားပြောကြားသည်။
အဆိုပါ သင်တန်းသို့ သင်တန်းသား ၂၀ တက်ရောက် ကြပြီး သင်တန်းကာလမှာ ဩဂုတ် ၁၇ ရက်မှ ၁၈ ရက်အထိဖြစ်ကြောင်း သိရသည်။
သတင်းစဉ်