Junior Chamber International Myanmar နှင့် ကုန်သည်စက်မှု အသင်းချုပ်တို့အကြား ပူးပေါင်းဆောင်ရွက်မှုမြှင့်တင်ရေး တွေ့ဆုံဆွေးနွေး

 

ရန်ကုန်  ဇူလိုင်   ၂၀
အမေရိကန်နိုင်ငံအခြေစိုက်   Junior   Chamber International (JCI )၏ ဥက္ကဋ္ဌ Mr. Viktor Oma-rsson နှင့် JCI Myanmar ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များသည်  ဇူလိုင် ၁၉ ရက်တွင် လမ်းမတော်မြို့နယ် မင်းရဲကျော် စွာလမ်းရှိ ကုန်သည်စက်မှုအသင်းချုပ်တွင် ကုန်သည် စက်မှုအသင်းချုပ် တွဲဖက်အကျိုးဆောင် စာရင်းစစ် ဦးအောင်ကြည်စိုး၊ IR  Advisor  ဦးတင့်ဆွေတို့နှင့် တွေ့ဆုံကာ  ကုန်သည်စက်မှုအသင်းချုပ်နှင့်   JCI Myanmar တို့အကြား ပူးပေါင်းဆောင်ရွက်မှုမြှင့်တင် ရေးတို့ကို ဆွေးနွေးကြသည်။
ဆွေးနွေးပွဲတွင် JCI organization  နှင့်   JCI Myanmar တို့၏ လက်ရှိ  ဆောင်ရွက်နေမှုများကို မိတ်ဆက်တင်ပြခြင်း၊  ကုန်သည်စက်မှုအသင်းချုပ် နှင့် JCI  Myanmar တို့အကြား ရေရှည်ဖွံ့ဖြိုးတိုးတက်မှု အတွက် အခွင့်အလမ်းများရှာဖွေခြင်း၊  စီးပွားရေး၊ ကိုယ်ရည်ကိုယ်သွေး၊ နိုင်ငံတကာဆက်ဆံရေးဖွံဖြိုးတိုးတက်ရေးစသည့် ကဏ္ဍ သုံးခုတို့ကို ဦးစားပေး ကဏ္ဍများအဖြစ် သတ်မှတ်၍ ကုန်သည်စက်မှုအသင်း ချုပ်နှင့် JCI Myanmar တို့မှ ပူးပေါင်းဆောင်ရွက် သွားနိုင်ရေး၊ ကမ္ဘာလုံးဆိုင်ရာ JCI အသင်းဝင်များ၊ JCI Myanmar အသင်းဝင်များနှင့် အသင်းချုပ်တို့ Business Matching ပွဲများ ကျင်းပပြုလုပ်နိုင်ရေး၊ နိုင်ငံတကာပြပွဲများတွင် အသင်းချုပ်၏ အသင်းဝင် များကို ဖိတ်ကြားနိုင်ရေး၊ အသိပညာပေး ဗဟုသုတ မျှဝေခြင်းဆိုင်ရာ  ဆွေးနွေးပွဲများ  ကျင်းပနိုင်ရေး၊ အသင်းချုပ်၏   ကွန်ရက်မှတစ်ဆင့်   လူငယ်စွန့်ဦး တီထွင်လုပ်ငန်းရှင်များ      ဖိတ်ခေါ်နိုင်ရေးတို့ကို ဆွေးနွေး ကြသည်။
JCI သည် နှစ်စဉ်နှစ်တိုင်း JCI ရှိသည့်နိုင်ငံများ တွင် ဆွေးနွေးပွဲများ၊ သင်တန်းများကို   ကြီးမှူး ကျင်းပပေးလေ့ရှိသည်။
အစည်းအဝေးသို့ 2023 World JCI ဥက္ကဋ္ဌ Mr. Viktor Omarsson ၊ National President Tara ဝတ်မှုန်ဖူးပွင့်သူ၊ National Adviser မစိမ်းဝတ်ရည် နှင့်   မဇင်ရတနာတို့ပါဝင်သော    JCI World,  JCI Myanmar    အဖွဲ့ဝင်များနှင့်    ကုန်သည်စက်မှု အသင်းချုပ်တို့  တွေ့ဆုံဆွေးနွေးကြကြောင်း   သိရ သည်။
မျိုးမင်းသူရ