
ဇေယျာသီရိ အောက်တိုဘာ ၂၁
ပြည်ထောင်စုနယ်မြေ နေပြည်တော် ဇေယျာသီရိမြို့နယ်အတွင်းရှိ လှေခွင်းတောင်တန်ခိုးကြီးဘုရားနှင့် ပေါင်းလောင်းမြစ်ကမ်းသို့ သီတင်း ကျွတ်လပြည့်နေ့နှင့် လပြည့်ကျော် ၁ ရက်တို့တွင် ဘုရားဖူးအပန်းဖြေ လာရောက်လည်ပတ်သူများ များပြားလျက်ရှိကြောင်း သိရသည်။
ကိုဗစ်-၁၉ ရောဂါ ပြင်းထန် စွာဖြစ်ပွားနေချိန်တွင် ဇေယျာ သီရိမြို့နယ်အတွင်းရှိ တန်ခိုးကြီး ဘုရားများနှင့် ပေါင်းလောင်း မြစ်ကမ်းရှိ စားသောက်ဆိုင် များ ယာယီပိတ်ထားခဲ့သော်လည်း ယခု ကိုဗစ်-၁၉ ရောဂါကူးစက်မှု နည်းပါးလာမှုကြောင့် တန်ခိုးကြီး ဘုရားအား ဖူးမြော်ကြည်ညိုခွင့် နှင့် မြစ်ကမ်းတစ်လျှောက် အပန်း ဖြေလာရောက်ခွင့်များကို ကိုဗစ်-၁၉ စည်းကမ်းသတ်မှတ်ချက် များနှင့်အညီ ခွင့်ပြုပေးလျက်ရှိရာ “ဒီမြို့နယ်မှာဆိုလည်း လှေခွင်း တောင်ဘုရားက တန်ခိုးအကြီးဆုံး လေ၊ မြစ်ကမ်းကလည်း အလွန် အေးချမ်းပြီး အပန်းဖြေစရာ ကောင်းတော့ လူတွေက ဒီမှာလာ ပြီး ဘုရားလည်းဖူး အပန်းလည်း ဖြေလာရောက်ကြတာ။ ဒီမှာက အခုလို သီတင်းကျွတ်တင်မက ဘူး သင်္ကြန်ရက်တွေမှာလည်း ဒီမှာအစည်ဆုံးပဲ ကိုဗစ်စဖြစ် ကတည်းက အများပြည်သူတွေ လည်း ဒီလိုမလည်ပတ်ရတာ ကြာပြီလေ။ ခုလို လူစည်စည် ကားကားနဲ့ မြင်ရတွေ့ရတော့ ဝမ်းသာမိတယ်၊ ဒီမှာက လူပေါင်း စုံတယ်၊ နယ်ပေါင်းစုံကလာလည် ကြတာ”ဟု ဒေသခံတစ်ဦးက ပြောသည်။
ဇေယျာသီရိမြို့နယ် အတွင်း ရှိ လှေခွင်းတောင်တန်ခိုးကြီး ဘုရားနှင့် ပေါင်းလောင်းမြစ်ကမ်း သို့ သီတင်းကျွတ်လပြည့်နေ့ နှင့် လပြည့်ကျော် ၁ ရက်တို့တွင် ဘုရားဖူးအပန်းဖြေ လာရောက် လည်ပတ်သူများ မြစ်အတွင်း ရေနစ်သေဆုံးမှု မရှိစေရေး အတွက် မြို့နယ်မီးသတ်တပ်ဖွဲ့ ဝင်များနှင့် ကျေးရွာအုပ်ချုပ်ရေး အဖွဲ့များ ပူးပေါင်း၍ စပိဘုတ် ဖြင့် မြစ်အတွင်း လှည့်လည် ကြည့်ရှု စောင့်ရှောက်လျက်ရှိ ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)