
နေပြည်တော် အောက်တိုဘာ ၉
လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန နေပြည်တော် ဇေယျာသီရိမြို့ နယ်ဦးစီးမှူးရုံးမှ ပန်းခင်းစီမံချက်ဖြင့် ပြုလုပ် ပေးခဲ့သည့် နိုင်ငံသားစိစစ်ရေးကတ်ပြား ပေးအပ်ပွဲ အခမ်းအနားကို အမှတ်(၁) မော်တော်ယာဉ်တပ်ရင်းခန်းမ၌ ယမန်နေ့က ကျင်းပခဲ့ကြောင်း သိရသည်။
အခမ်းအနားတွင် လူဝင်မှုကြီးကြပ်ရေး နှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုနယ်မြေဦးစီးမှူး ညွှန်ကြား ရေးမှူး ဦးကျော်သိန်းဆိုင်က အဖွင့်အမှာ စကားပြောကြားခဲ့ပြီး ဇေယျာသီရိမြို့နယ် ဦးစီးမှူးရုံးမှ ဦးစီးမှူးဦးစန်းလွင်က လက်ရှိ ဇာတိဒေသတွင် အမြဲတမ်းနေထိုင်၍ အိမ်ထောင်စုလူဦးရေစာရင်းရှိပြီး ကိုင်ဆောင် လက်မှတ်မရှိသူများအား ဆောင်ရွက်ပေး ခြင်း၊ လက်ရှိဇာတိဒေသတွင် အမြဲတမ်း နေထိုင်၍ အိမ်ထောင်စု လူဦးရေစာရင်းမရှိ၊ ကိုင်ဆောင်လက်မှတ် မရှိသူများအား ဆောင်ရွက်ပေးခြင်း၊ ရွှေ့ပြောင်းနေထိုင်သူ များအတွက် မူလဒေသတွင် အိမ်ထောင်စုလူဦးရေစာရင်းရှိသော်လည်း လက်ရှိဒေသ တွင် ကိုင်ဆောင်လက်မှတ် မရှိသူများအား ဆောင်ရွက်ပေးခြင်း၊ ရွှေ့ပြောင်းနေထိုင်သူ များအတွက် မူလဒေသတွင် အိမ်ထောင်စု လူဦးရေစာရင်းနှင့် ကိုင်ဆောင်လက်မှတ်မရှိ၊ လက်ရှိဒေသတွင်လည်း အိမ်ထောင်စု လူဦးရေစာရင်းနှင့် ကိုင်ဆောင်လက်မှတ် မရှိသူများအား ဆောင်ရွက်ပေးခြင်းဖြစ် ကြောင်းပြောကြားခဲ့ပြီး ပြည်ထောင်စု နယ်မြေ ဦးစီးမှူးညွှန်ကြားရေးမှူး ဦးကျော်သိန်းဆိုင်နှင့် တာဝန်ရှိသူများ၊ အမှတ်(၁) မော်တော်ယာဉ်တပ်ရင်းမှ တာဝန် ရှိသူများက နိုင်ငံသားစိစစ်ရေး ကတ်ပြား ၁၆၉ ကတ်ကို တပ်ရင်းတပ်ဖွဲ့မိသားစုများထံ ပေးအပ်ခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)