
နေပြည်တော် ဩဂုတ် ၂၆
ပြည်ထောင်စုနယ်မြေ နေပြည် တော် ဇေယျာသီရိမြို့နယ် ရေဆင်း စိုက်ပျိုးရေးသုတေသနဦးစီးဌာနရှိ စုဝေးခန်းမ၌ လယ်ယာမြေဥပဒေ များအကြောင်း သိကောင်းစရာ များ တောင်သူနည်းပညာပေး ဆွေးနွေးပွဲကို ယနေ့နံနက်ပိုင်းက ကျင်းပသည်။
ဇေယျာသီရိမြို့နယ် ရေဆင်း စိုက်ပျိုးရေးသုတေသနဌာနတွင် တောင်သူများ၏ အခက်အခဲများ ကို သက်ဆိုင်ရာပညာရှင်များက ပူးပေါင်းဆွေးနွေး အဖြေရှာပေး ရန်အတွက် အပတ်စဉ် ကျင်းပ လျက်ရှိပြီး ဆွေးနွေးပွဲသို့ လယ်ယာ မြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်း ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးသက်နိုင်ဦး၊ စိုက်ပျိုးရေးသုတေ သနဦးစီးဌာနမှ ညွှန်ကြားရေးမှူး ချုပ် ဒေါက်တာနိုင်ကြည်ဝင်းနှင့် တာဝန်ရှိသူများ၊ ပြည်ထောင်စု နယ်မြေ နေပြည်တော်အတွင်း ဇေယျာသီရိမြို့နယ်၊ ဥတ္တရသီရိ မြို့နယ်နှင့် ပုဗ္ဗသီရိမြို့နယ်တို့မှ တောင်သူများ တက်ရောက်ပြီး ဆွေးနွေးပွဲတွင် လယ်ယာမြေစီမံ ခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီး ဌာန ညွှန်ကြားရေးမှူးချုပ်က မိတ်ဆက်စကား ပြောကြားပြီး မြေယာဌာနခွဲ(ရုံးချုပ်)မှ ဒုတိယ ညွှန်ကြားရေးမှူး ဦးဆန်းလွင်က လယ်ယာမြေ ဥပဒေပြဋ္ဌာန်းခြင်း ၏ ရည်ရွယ်ချက်များ၊ တောင်သူ လယ်သမား အကျိုးစီးပွား ကာကွယ်ရေးဥပဒေ၊ လယ်ယာ မြေလုပ်ပိုင်ခွင့်ပြုလက်မှတ် ပုံစံ-၇ ထုတ်ပေးခြင်း အကြောင်းအရာများ နှင့် အခွင့်အရေးများ၊ စည်းကမ်း ချက်များကို မလိုက်နာပါက အရေးယူခြင်းအကြောင်း၊ နစ်နာ ကြေးနှင့် လျော်ကြေးများ အကြောင်း၊ အမွေဆက်ခံသော လယ်ယာမြေနှင့် လုပ်ငန်းများ၊ လယ်ယာမြေ အခြားနည်း သုံးစွဲ ခွင့်များအကြောင်း၊ အငြင်းပွားမှု ဖြေရှင်းခြင်းနှင့် စနစ်ကျလယ်ယာ မြေဖော်ထုတ်ခြင်း၊ ကန်ထရိုက် လယ်ယာစနစ် လုပ်ထုံးလုပ်နည်း များအကြောင်းကို ဦးဆောင် ဆွေးနွေးသည်။ ယင်းနောက် တက်ရောက်လာသည့် တောင်သူ များက လယ်ယာမြေကိစ္စရပ်များ တွင် ကြုံတွေ့နေရသည့် အခက် အခဲများကို တင်ပြဆွေးနွေးရာ ညွှန်ကြားရေးမှူးချုပ် ဦးသက် နိုင်ဦးနှင့် တာဝန်ရှိသူများက ပြန်လည် ဖြေကြားပေးကြောင်း သိရသည်။
ထွန်းလင်း(ဇေယျာမြေ)