ဇေယျာသီရိခရိုင်အတွင်းရှိ အခြေခံပညာကျောင်းများ ယနေ့စတင်ဖွင့်လှစ်သင်ကြား

 

နေပြည်တော်    ဇွန်    ၁
ပြည်ထောင်စုနယ်မြေ   နေပြည် တော်    ဇေယျာသီရိခရိုင်အတွင်း ရှိ     အခြေခံပညာကျောင်းများ အားလုံး ဇွန် ၁ ရက် နံနက်ပိုင်းမှ စတင်ဖွင့်လှစ်    သင်ကြားနေပြီ ဖြစ်ရာ ကျောင်းသား ကျောင်းသူ  များ        အေးချမ်းပျော်ရွှင်စွာ  တက်ရောက်လျက်ရှိသည်။
၂၀၂၃-၂၀၂၄ ပညာသင်နှစ် အတွက်    “ကျောင်းနေအရွယ် ကလေးငယ်အားလုံး    ပညာရေး မဝေးဖို့  ကျောင်းအမြန်အပ်နှံစို့” ဟူသည့်ဆောင်ပုဒ်နှင့်အညီ ဇေယျာ သီရိခရိုင်အတွင်းရှိ ဇေယျာသီရိ မြို့နယ်တွင် အခြေခံပညာကျောင်း     ၅၇  ကျောင်း၊  ဘုန်းတော်ကြီးသင်     ပညာရေးကျောင်း နှစ်ကျောင်းနှင့်  ကိုယ်ပိုင်ကျောင်း သုံးကျောင်းတို့ တွင် ကျောင်းသား  ကျောင်းသူ ၂၂၈၇၆ ဦး    တက်ရောက်ပညာ သင်ကြားလျက်ရှိသည်။ 
အလားတူ  ဇေယျာသီရိခရိုင် ပုဗ္ဗသီရိမြို့နယ်အတွင်းရှိ အခြေခံ ပညာအထက်တန်းကျောင်း ခုနစ် ကျောင်း၊ အခြေခံပညာ အထက် တန်းကျောင်းခွဲ      ငါးကျောင်း၊ အလယ်တန်းကျောင်း သုံးကျောင်း၊  အလယ်တန်းကျောင်းခွဲ    တစ် ကျောင်း၊   မူလတန်းလွန်ကျောင်း ၁၄ ကျောင်းနှင့်   အခြေခံပညာ မူလတန်းကျောင်း  ၂၉  ကျောင်း အပါအဝင် အခြေခံပညာကျောင်း ၅၉ ကျောင်း၊ ကိုယ်ပိုင်ကျောင်း ခြောက်ကျောင်းနှင့်   ဘုန်းတော် ကြီးသင်          ပညာရေးကျောင်း  ငါးကျောင်းတို့ကို   ယနေ့  စတင် ဖွင့်လှစ် သင်ကြားပေးလျက်ရှိရာ ကျောင်းသားကျောင်းသူ ၂၆၆၁၅ ဦး   တက်ရောက်ပညာသင်ကြား လျက်ရှိသည်။
နိုင်ငံတစ်ဝန်းရှိ     အခြေခံ ပညာ    ကျောင်းများအားလုံးတွင် ကျောင်းအပ်နှံရေး    သီတင်းပတ် အဖြစ်  မေ ၂၃ ရက်မှ မေ ၃၁ ရက် အထိ   သတ်မှတ်ကာ    ကျောင်း  အပ်နှံမှုများအား   လက်ခံဆောင် ရွက်ခဲ့ပြီး အခြေခံပညာ ကျောင်း သား     ကျောင်းသူများအတွက် ပြဋ္ဌာန်းစာအုပ်များ၊ ကျောင်းသုံး ဗလာစာအုပ်၊  ဘောပင်၊  ခဲတံနှင့် ကျောင်းဝတ်စုံများအား     အခမဲ့ ထောက်ပံ့        ပေးအပ်ခဲ့ကြောင်း သိရသည်။              သီဟစည်သူ