IT Audit ဆောင်ရွက်နိုင်ရန်အတွက် Data Analysis သင်တန်းအမှတ်စဉ် (၁/၂၀၂၂)သင်တန်းဆင်းပွဲအခမ်းအနားကျင်းပ

 

နေပြည်တော်  ဇူလိုင်  ၁


ပြည်ထောင်စု   စာရင်းစစ်ချုပ်ရုံး နေပြည်တော် သင်တန်းကျောင်း တွင် ဖွင့်လှစ်သည့်   IT  Audit ဆိုင်ရာ Data Analysis သင်တန်း အမှတ်စဉ်  (၁/၂၀၂၂)  သင်တန်း ဆင်းပွဲ   အခမ်းအနားကို  ယနေ့ နံနက် ၉ နာရီခွဲက ပြည်ထောင်စု စာရင်းစစ်ချုပ်ရုံး (နေပြည်တော်) စုပေါင်းခန်းမ၌  ကျင်းပသည်။ 

 


သင်တန်းဆင်းပွဲ အခမ်းအနား တွင် ပြည်ထောင်စုစာရင်းစစ်ချုပ်  ဒေါက်တာကံဇော်က  ယနေ့ကမ္ဘာ သည်  Fourth   Industrial Revolution ခေတ်သို့ ရောက်ရှိ နေပြီဖြစ်ရာ      ရုံးလုပ်ငန်းများ ဆောင်ရွက်ရာတွင်     သတင်း အချက်အလက်       နည်းပညာ (Information Technology : IT) သည် အရေးပါသည့် မဏ္ဍိုင်တစ်ခု ဖြစ်လာပါကြောင်း၊   ထို့ကြောင့် စစ်ဆေးရေးနှင့် ရုံးလုပ်ငန်းများ ကို ထိရောက်မြန်ဆန်စွာ ဆောင် ရွက်နိုင်ရန်အတွက် ဝန်ထမ်းများ သည်  IT  ဆိုင်ရာ ကျွမ်းကျင်မှု အရည်အသွေးများ ပြည့်ဝစေရန် ရည်ရွယ်၍     ယခုသင်တန်းကို ဖွင့်လှစ်ပေးခဲ့ခြင်း ဖြစ်ပါကြောင်း၊ IT ဖြင့် လုပ်ငန်းဆောင်ရွက်ခြင်း သည်   အချိန်ကုန်သက်သာ၍ လုပ်ငန်းတွင်ကျယ်သည့် အကျိုး ကျေးဇူးများရှိသကဲ့သို့   သတင်း အချက်အလက် ပေါက်ကြားခြင်း ဆိုင်ရာ       ဆိုးကျိုးများလည်း ရှိသည်ဖြစ်ရာ   သတင်းအချက် အလက်လုံခြုံမှုဆိုင်ရာ   ကြီးကြပ် ထိန်းချုပ်မှုများကိုလည်း အလေးထားဆောင်ရွက်ရန်    လိုအပ်ပါကြောင်း။

 


သို့ပါ၍   သင်တန်းဆင်းများ အနေဖြင့် ယခုသင်တန်းမှ ပို့ချမှု များကို လက်တွေ့လုပ်ငန်းခွင်တွင် ပြန်လည်အသုံးချခြင်း၊ ပြန်လည်မျှဝေသင်ကြားပေးခြင်းနှင့်   IT ဆိုင်ရာ ဗဟုသုတ၊ ပညာရပ်များကို ဆက်လက်လေ့လာ  ဖြည့်ဆည်း ခြင်းတို့ဖြင့် နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများတွင် ခံယူချက် ကောင်းများထားရှိ၍    ကြိုးစား သွားကြစေလိုပါကြောင်း မှာကြားသည်။

 


အဆိုပါ သင်တန်းကို ရှစ်ရက် ကြာ ဖွင့်လှစ်သင်ကြားခဲ့ပြီး ရုံးချုပ် မှ ဝန်ထမ်း နှစ်ဦး၊ ပဲခူးတိုင်းဒေသ ကြီး၊         ရန်ကုန်တိုင်းဒေသကြီး နှင့် မကွေးတိုင်းဒေသကြီးတို့မှ ဝန်ထမ်း ၁၂ ဦး စုစုပေါင်း ၁၄ ဦး တက်ရောက် ပြီးမြောက်ခဲ့သည်။

 


အလားတူ     ပြည်ထောင်စု စာရင်းစစ်ချုပ်သည် မွန်းလွဲပိုင်း တွင် ပြည်ထောင်စု စာရင်းစစ်ချုပ် ရုံး၏ “အဂတိလိုက်စားမှု တားဆီး ကာကွယ်ရေးဆိုင်ရာ   ဆောင်ရွက် ချက်များ”ခေါင်းစဉ်ဖြင့်  ကျင်းပ သည့်        အသိပညာမျှဝေရေး ဆွေးနွေးပွဲအမှတ်စဉ်   (၁၇)  သို့ တက်ရောက်အမှာစကား   ပြောကြားသည်။   အဆိုပါဆွေးနွေးပွဲ သို့    ရုံးချုပ်၊  တိုင်းဒေသကြီး/ ပြည်နယ်      စာရင်းစစ်ချုပ်ရုံးနှင့် မြန်မာနိုင်ငံစာရင်းကောင်စီရုံးတို့မှ ဝန်ထမ်းစုစုပေါင်း ၃၉၈  ဦး တို့သည်         စုပေါင်းခန်းမနှင့် နေပြည်တော်     သင်တန်းခန်းမ နှစ်ခု၊ မြန်မာနိုင်ငံစာရင်းကောင်စီ ရုံးခန်းနှင့်      တိုင်းဒေသကြီး/ ပြည်နယ် စာရင်းစစ်ချုပ်ရုံးတို့မှ Virtual  စနစ်ဖြင့် တက်ရောက်ခဲ့ကြောင်း သိရသည်။


သတင်းစဉ်