နေပြည်တော် ဇွန် ၂၂
ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး နေပြည်တော် သင်တန်းကျောင်းတွင် ဖွင့်လှစ်သည့် IT Audit ဆိုင်ရာ Data Analysis သင်တန်းအမှတ်စဉ် (၁/၂၀၂၂) သင်တန်းဖွင့်ပွဲအခမ်းအနားကို ယနေ့မွန်းလွဲပိုင်း တွင် ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး (နေပြည်တော်) စုပေါင်းခန်းမ၌ ကျင်းပသည်။
သင်တန်းဖွင့်ပွဲအခမ်းအနားတွင် ပြည်ထောင်စု စာရင်းစစ်ချုပ် ဒေါက်တာ ကံဇော်က အစိုးရဌာန၊ အဖွဲ့အစည်းများတွင် ငွေကြေးနှင့်စာရင်းဆောင်ရွက် မှုများ ပမာဏကြီးမားကျယ်ပြန့်လာပြီး စာရင်း ရေးသွင်းမှတ်တမ်းတင်မှုများကို IT နည်းပညာ အသုံးပြုဆောင်ရွက်လာခြင်းနှင့် Manual ဖြင့် စစ်ဆေးရေးလုပ်ငန်းဆောင်ရွက်မှုသည် လူအင်အား နှင့် အချိန်အကန့်အသတ်များရှိခြင်းတို့ကြောင့် IT နည်းပညာဖြင့် စစ်ဆေးဆောင်ရွက်နိုင်ရန် ရည်ရွယ် ၍ ယခုသင်တန်းကို ဖွင်လှစ်ရခြင်းဖြစ်ကြောင်း။
ယနေ့ကမ္ဘာတွင် နည်းပညာဖွံ့ဖြိုးမှုများသည် လျင်မြန်စွာ တိုးတက်ဖြစ်ပေါ် ပြောင်းလဲလျက်ရှိပါ ကြောင်း၊ သို့ပါ၍ စာရင်းစစ်များအနေဖြင့် ခေတ် ကာလနှင့်အညီ IT အခြေခံများကို သိရှိနားလည်ပြီး နည်းပညာအသုံးပြု၍ ထိရောက်စွာစစ်ဆေး ဆောင်ရွက်နိုင်ရန် လိုအပ်ကြောင်း၊ ယခုသင်တန်း တွင် သင်ကြားပို့ချမည့် သင်ခန်းစာများကို မိမိတို့ ၏ ရုံးဌာနခွဲများတွင် ပြန်လည်သင်ကြားပို့ချပေးခြင်း နှင့် လုပ်ငန်းခွင်တွင် လက်တွေ့ ပြန်လည်အသုံးချခြင်း တို့ဖြင့် ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး၏ အနာဂတ် တိုးတက်မှုအတွက် ကြိုးစား၍ အလေးနက်ထား သင်ယူကြစေလိုကြောင်း မှာကြားသည်။
သင်တန်းတွင် ရုံးချုပ်မှ ဝန်ထမ်း နှစ်ဦး၊ ပဲခူးတိုင်း ဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီးနှင့် မကွေးတိုင်း ဒေသကြီးတို့မှ ဝန်ထမ်း ၁၂ ဦး စုစုပေါင်း ၁၄ ဦးကို ဇွန် ၂၂ ရက်မှ ၂၉ ရက်အထိ သင်တန်းကာလ ခုနစ် ရက်ကြာ စာတွေ့လက်တွေ့ သင်ကြားပို့ချသွားမည် ဖြစ်သည်။
အလားတူ ပြည်ထောင်စုစာရင်းစစ်ချုပ်သည် ယနေ့နံနက် ၁၀ နာရီတွင် စုပေါင်းခန်းမ၌ ကျင်းပခဲ့ သည့် ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး၊ ငွေစုငွေချေး သမဝါယမအသင်း လီမိတက်၏ အရပ်ရပ်ဆိုင်ရာ နှစ်ပတ်လည်အစည်းအဝေးသို့ တက်ရောက်၍ နှုတ်ခွန်းဆက် အမှာစကားပြောကြားခဲ့ကြောင်း သိရ သည်။
သတင်းစဉ်



