နေပြည်တော် အောက်တိုဘာ ၁၉
ILO ၏ မြန်မာနိုင်ငံဆိုင်ရာ စုံစမ်းစစ်ဆေးရေး ကော်မရှင်နှင့် ပတ်သက်၍ တုံ့ပြန်ရေးဆိုင်ရာ လုပ်ငန်းကော်မတီ၏ ပထမ အကြိမ် ညှိနှိုင်းအစည်းအဝေးကို ယနေ့ နံနက် ၁၀ နာရီတွင် အလုပ်သမားဝန်ကြီးဌာန အစည်း အဝေးခန်းမ၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး စည်းမျဉ်း စည်း ကမ်းများနှင့်အညီ ကျင်းပသည်။
အစည်းအဝေးသို့ တုံ့ပြန်ရေး ဆိုင်ရာ လုပ်ငန်းကော်မတီဥက္ကဋ္ဌ အလုပ်သမားဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဦးဝင်းရှိန်၊ အမြဲတမ်း အတွင်းဝန်၊ အလုပ်သမားညွှန် ကြားရေးဦးစီးဌာန ညွှန်ကြားရေး မှူးချုပ်နှင့် အဖွဲ့ဝင်များ တက်ရောက်ကြသည်။
အစည်းအဝေးတွင် တုံ့ပြန်ရေး ဆိုင်ရာ လုပ်ငန်းကော်မတီဥက္ကဋ္ဌ ဒုတိယဝန်ကြီးက မြန်မာနိုင်ငံမှ အသင်းအဖွဲ့များ လွတ်လပ်စွာ ဖွဲ့စည်းခြင်းနှင့် စုဝေးခွင့်ဆိုင်ရာ ပြဋ္ဌာန်းချက်အမှတ် (၈၇) နှင့် အဓမ္မခိုင်းစေမှုဆိုင်ရာ ပြဋ္ဌာန်း ချက်အမှတ်(၂၉)တို့ကို လိုက်နာမှု အပေါ် စစ်ဆေးရန် ၂၀၂၂ ခုနှစ်၊ မတ်လတွင် ကျင်းပပြုလုပ်ခဲ့သည့် (၃၄၄)ကြိမ်မြောက် ILO အုပ်ချုပ်မှု အဖွဲ့အစည်းအဝေးက စုံစမ်း စစ်ဆေးရေးကော်မရှင် Commi-ssion of Inquiry (COI) တစ်ရပ် ကို ဖွဲ့စည်းခဲ့ကြောင်း၊ အဆိုပါ ကော်မရှင်၏ စုံစမ်းစစ်ဆေးမှုများ ကို ထိရောက်စွာ ပြန်လည်တုံ့ပြန် နိုင်ရန်နှင့် ILO ၏ စွပ်စွဲချက်များ ကို ချေဖျက်နိုင်ရေး သက်ဆိုင်ရာ ဝန်ကြီးဌာနများနှင့် အဖွဲ့အစည်း များမှ တိကျသည့် အချက်အလက် များ တောင်းခံစုစည်းရန် တုံ့ပြန် ရေးဆိုင်ရာ လုပ်ငန်းကော်မတီ ၏ ပထမအကြိမ် ညှိနှိုင်းအစည်း အဝေးကို ကျင်းပရခြင်းဖြစ်ကြောင်း။
ဝန်ကြီးဌာနအနေဖြင့် ILO မှ စုံစမ်းစစ်ဆေးရေးကော်မရှင် Commission of Inquiry (COI) ဖွဲ့စည်းမှုကို ကန့်ကွက်စာအား ဇွန် ၁၄ ရက်နှင့် ၂၉ ရက်တို့တွင် ILO ညွှန်ကြားရေးမှူးချုပ်ထံသို့ပေးပို့ခဲ့ပြီး အကြိမ်(၁၁၀)မြောက် အပြည်ပြည်ဆိုင်ရာ အလုပ်သမား ရေးရာ ညီလာခံကာလအတွင်း ချမှတ်ခဲ့သည့် ဆုံးဖြတ်ချက်များ နှင့် နိဂုံးချုပ် မှတ်ချက်များအပေါ် မြန်မာနိုင်ငံအနေဖြင့် ပြင်းထန်စွာ ကန့်ကွက်ကြောင်း သတင်းထုတ် ပြန်ချက်ကို ဇူလိုင် ၁ ရက်တွင် နိုင်ငံပိုင်သတင်းစာများတွင် ထည့် သွင်းဖော်ပြခဲ့ပြီးဖြစ်ကြောင်း။
(၃၄၄) ကြိမ်မြောက် ILO အုပ်ချုပ်မှုအဖွဲ့ အစည်းအဝေး၊ (၃၄၅)ကြိမ်မြောက် ILO အုပ်ချုပ်မှု အဖွဲ့အစည်းအဝေးနှင့် အကြိမ် (၁၁၀)မြောက် အပြည်ပြည်ဆိုင်ရာ အလုပ်သမားရေးရာ ညီလာခံ ကာလအတွင်း ကျင်းပခဲ့သော စံနှုန်းများ လိုက်နာကျင့်သုံးမှု ဆိုင်ရာ ကော်မတီအစည်းအဝေး၌ ချမှတ်ခဲ့သည့် ဆုံးဖြတ်ချက်များ နှင့်ပတ်သက်၍ ILO သို့ တုံ့ပြန် ချေပနိုင်ရန် မူကြမ်းပြုစုထားရှိမှု အပေါ် တက်ရောက်လာသူများက သက်ဆိုင်ရာ ဌာနအလိုက် ပိုမို ကောင်းမွန်သည့် အချက်အလက် များရှိပါက ပြင်ဆင်ဖြည့်စွက်နိုင် ရေး ထပ်မံဆွေးနွေပေးစေလို ကြောင်း ပြောကြားသည်။
ဆက်လက်၍ တုံ့ပြန်ရေးဆိုင် ရာ လုပ်ငန်းကော်မတီ၏ အတွင်း ရေးမှူး၊ အလုပ်သမားညွှန်ကြား ရေးဦးစီးဌာန ညွှန်ကြာရေးမှူးချုပ် က စုံစမ်းစစ်ဆေးရေးကော်မရှင်သို့ တုံ့ပြန်ရန်အချက်များကို ရှင်းလင်း တင်ပြရာ တက်ရောက်လာကြ သူများက ဝိုင်းဝန်းဖြည့်စွက် ဆွေးနွေးကြသည်။
ထို့နောက် အမြဲတမ်းအတွင်း ဝန်က ဖြည့်စွက်ဆွေးနွေးပြီး တုံ့ပြန်ရေးဆိုင်ရာ လုပ်ငန်း ကော်မတီဥက္ကဋ္ဌ ဒုတိယဝန်ကြီးက ဖြည့်စွက်ဆွေးနွေးချက်များအပေါ် တုံ့ပြန်ရန်အချက်များကို အတည် ပြုခဲ့ကြောင်း သိရသည်။
သတင်းစဉ်



